October 18, 2024

၂၀. ၁. ၂၀၂၄
Written by Nay Moe

မြေးဖြစ်သူကို ကျောင်းသွားကြိုတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို ပျုစောထီးလို့ စွပ်စွဲပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်း ဦးဆောင်တဲ့ Kyaikhto Revolution Force အဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မုပ္ပလင်ကျေးရွာ ၊ ဈေးတန်းရပ်ကွက်နေထိုင်သူ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေး (၇၅နှစ်) ဟာ အထက(မုပ္ပလင်)မှာ ပညာသင်ယူနေတဲ့ မြေးဖြစ်သူကို ကျောင်းကြိုဖို့ ဆိုင်ကယ်နဲ့ထွက်လာချိန် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်အချိန်မှာ နောက်ကလိုက်ပါလာတဲ့ KRF အဖွဲ့ဝင်နှစ်ဦးက လက်နက်မဲ့အဖိုးအိုဦးတင်အေးကို နောက်ကနေချောင်းပစ်ပြီး ပျဥ်းကတိုးကုန်းကျေးရွာဘက်ကို မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

လက်နက်မဲ့သက်ကြီးရွယ်အိုတစ်ဦးကို KRF အဖွဲ့ကနောက်ကချောင်းပစ်တာကြောင့် ဦးတင်အေးဟာ နောက်ကျော ကျည် ဖောက်ဝင်ဒဏ်ရာ ၄ ချက်နဲ့ ကျည်ရှပ် ထိဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ဥ်နဲ့ပတ်သက်ပြီး KRF အဖွဲ့က ဦးတင်အေးဟာ စစ်တပ် ဒေါက်တိုင်၊ PDF တွေ သတင်းကို စုံစမ်းပြီး တိုင်ကြားသူ၊ တပ်အားကိုးနဲ့ ပြည်သူကို အမျိုးမျိုးဒုက္ခပေးသူ မုပ္ပလင်ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ဦးတင်အေး (ခ) ပြူးကြောင်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး မုပ္ပလင်ကျေးရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့လို့ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ပါတယ်။

ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့ KRF အဖွဲ့ဟာ ကျိုက်ထိုနယ်မှာ ကျက်စားပြီး တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *