October 18, 2024

၂၀. ၁. ၂၀၂၄
translated by Htwe Ko Tun

ယမန်နှစ် အောက်တိုဘာ ၇ ရက်က ဟားမားစ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုမှစ၍ ဂါဇာဒေသအတွင်း ဖမ်း ဆီးခံထားရသော အစ္စရေးနိုင်ငံသားဓားစာခံများ အသက်ရှင်လျက်ပြန်လာနိုင်ကြရန် ဝန်ကြီးချုပ် နေတန်ရာဟုအနေနှင့် ရှင်းလင်းစွာတောင်းဆိုဆောင်ရွက်ပေးရန် ဓားစာခံများ၏မိသားစုများက နေတန်ရာဟု မိသားစုနေထိုင်ရာ Caesarea မြို့ရှိ အိမ်အပြင်ဘက်တွင် ဇန်နဝါရီ ၁၉ ရက်ညက စုဝေးရောက်ရှိ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ်၏အိမ်အပြင်ဘက်တွင် တစ်ညလုံးနှင့်နောက်တစ်နေ့လုံး စုဝေးဆန္ဒပြကြရန် ရည်မှန်းထားကြောင်းဖြင့်လည်း ဓားစာခံများနှင့်ပျောက်ဆုံးနေသူများ၏ မိသားစုများဖိုရမ်က ပြောကြားခဲ့သည်။ အများစုက ယာယီတဲများဖြင့်ရောက်ရှိလာကြပြီး လူသွားလမ်းဘေးတွင် နေရာယူထားကြသည်ကို တွေ့ရသည်။

အများအပြားသော ဆန္ဒပြမိသားစုများက Caesarea မြို့ရှိ ဝန်ကြီးချုပ်၏အိမ်သို့ အခြားဒေသများမှပင်စုဝေးရောက်ရှိလာကြရခြင်းဖြစ်ပြီး ဓားစာခံများ အသက်ရှင်လျက်ပြန်လာနိုင်ကြရန် ဝန်ကြီးချုပ် နေတန်ရာဟု အနေနှင့် ရှင်းလင်းစွာတောင်းဆိုဆောင်ရွက်ပေးခြင်းရှိမရှိ ဆန္ဒပြ ပြောကြားကြမည်ဖြစ်သည်။

၎င်းတို့က “ကျွန်ုပ်တို့တောင်းဆိုခဲ့တာ ၁၀၅ ရက်ရှိပါပြီ။ ခုလည်းထပ်ပြောပါရစေ။ ဓားစာခံတွေ ကွပ်မျက်ခံရအောင် ဆောင်ရွက်မှုတွေရပ်ပါတော့” ဟု ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ်အား အိမ်ပြင်ထွက်၍ ၎င်းတို့နှင့် မျက်နှာချင်းဆိုင်ပြောကြားရန်‌ တောင်းဆိုခဲ့ကြသည်။ ဓားစာခံများလွတ်မြောက်ရန်သာမက၊ ၎င်းတို့အားလုံး အသက်ရှင်ဘေးကင်းစေရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဓားစာခံများနှင့်ပျောက်ဆုံးနေသူများ၏ မိသားစုများဖိုရမ်က ၎င်းတို့အနေဖြင့် တယ်လ်အဗစ်မြို့ရှိ ဓားစာခံများရင်ပြင်တွင် ဖမ်းဆီးခံရသူများနှင့် ၎င်းတို့မိသားစုများအတွက် ကြီးမားသော လူထုထောက်ခံဆန္ဒပြပွဲတစ်ရပ်ကို ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ပြောခဲ့ကြသည်။

Ref ; Jerusalem Post

Leave a Reply

Your email address will not be published. Required fields are marked *