October 18, 2024

MT News
၂၀. ၁. ၂၀၂၄

အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှာ ကျရောက်မယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီပွဲတော်မှာ တေးဂီတဖျော်ဖြေပွဲတွေနဲ့ ကပြ ဖျော်ဖြေရေးအစီအစဉ်တွေ၊ မျက်လှည့်အစီအစဉ်တွေ၊ ချစ်စရာတိရစ္ဆာန် လိမ္မာလေးတွေနဲ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေပါဝင်မယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ ကြေညာမှုအရ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိရိစ္ဆာန်ဥယျာဥ် ၁၁၈ နှစ်ပြည့်ပွဲမှာ ကလေးငယ်တို့အကြိုက် ဂိမ်းအစီအစဥ်တွေ၊ လက်ဆောင်တွေရယူနိုင်မယ့် အမေးအဖြေကဏ္ဍတွေ၊ ဈေးရောင်းပွဲတွေအပါအဝင် ပါဝင်မယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *