October 18, 2024

၂၀. ၁. ၂၀၂၄
Written by KL

မွန်​ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ လယ်ကွင်းရှိ ရေကန်တွင် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ကလေး ၂ ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးမှာ ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးများဖြစ်ပြီး လယ်ကွင်းရှိ ရေကန်တွင် ရေဆင်းကူးရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို ချောင်းဆုံမြို့နယ် ​​ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်​ပေးခဲ့သည့် ရွှေမြင့်မိုရ်နာရေးကူညီမှု အသင်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *