October 18, 2024

၂၀. ၁. ၂၀၂၄
Written By Thandar

ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ထက် ဗီဒီယိုထုတ်လုပ်ရေးရဲ့ “အောင်မြတ်သာ” ဂမ္ဘီရဖြစ်ရပ်ဆန်းဇာတ်လမ်းတွဲများ ကန်တော့ပွဲပေးအခမ်းအနားကို ဒီမနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား အောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“အောင်မြတ်သာ ဇာတ်ကောင်က စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်လည်း ဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်တော့်လက်ထဲမှာ မတူညီတဲ့ပုံစံ… ဒီဇာတ်ကောင်က ရှေ့မှာလည်း အောင်မြင်ပြီးသားပါ။ ကျွန်တော်က ၆ ပိုင်းလောက်ပဲ ရိုက်ဖြစ်မှာပါ။ အောင်မြတ်သာကိုတော့ ကျွန်တော်ဖန်တီးတဲ့ ဇာတ်ကောင်အနေနဲ့ပဲ မြင်ရမှာပါ။ထုတ်လုပ်သူ ဦးဝင်းကြည်ကြောင့် ကျွန်တော့်အနေနဲ့ ရိုက်ကူးဖြစ်တာပါ။ သူအခက်အခဲဖြစ်နေတာကြောင့် ရိုက်ကူးဖြစ်တာပါ” လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

ဒါရိုက်တာ ညိုမင်းလွင် အနေနဲ့ အပိုင်း ၆ ပိုင်းရိုက်ကူးမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မဟုတ်တဲ့ တစ်နေရာမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်းဇေယန (ရာမည)၊ ဇာတ်ညွှန်းသားထိုက်နဲ့ ဝင်းမြင့်ဦးက ရေးသားပြီး ဒါရိုက်တာ ညိုမင်းလွင်က သရုပ်ဆောင် ထွန်းကိုကို၊ အောင်ဖြိုးလင်း၊ အောင်ဆန်းမြင့် အနုပညာရှင်များစွာနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *