October 18, 2024

၂၀. ၁. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်မှာ စာသင်ကျောင်းအဆောင်တစ်ခု မီးလောင်မှုအတွင်း လူ ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ ဆင်ဟွာသတင်းအေဂျင်စီက စနေနေ့ (ဇန်နဝါရီ ၂၀)မှာ ဖော်ပြခဲ့ပါတယ်။

ဖြစ်စဉ်က ဟီနန်ပြည်နယ် ယမ်ရှန်ပု ရွာရှိ ယင်ကိုင် ကျောင်းမှာ မနေ့ (ဇန်နဝါရီ ၁၉ ရက်) ည ၁၁ နာရီလောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၁၃ ဦး သေဆုံးကြောင်း အတည်ပြုခဲ့သလို လူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရကာ သေဆုံးသူတွေထဲ ကလေးအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာတော့ ဖော်ပြထားတာ မရှိပါဘူး။

ယမ်ရှန်ပု ရွာဟာ လူ ၁၀ သန်းနီးပါးနေထိုင်တဲ့ နမ်ယမ်းမြို့ရဲ့အစွန်အဖျားမှာ တည်ရှိပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကာ ကျောင်းနဲ့ ဆက်စပ်သူ အနည်းဆုံး လူ တစ်ဦးကို ဖမ်းဆီးထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

လုံခြုံရေးစံနှုန်းတွေ ပေါ့လျော့မှုနဲ့ စည်းကမ်းလိုက်နာမှု ညံ့ဖျင်းတာတွေကြောင့် တရုတ်နိုင်ငံမှာ ခုလို လူအသေအပျောက်များတဲ့ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားလေ့ရှိပြီး, ပြီးခဲ့တဲ့ လက တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက အသားကင်စားသောက်ဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့သလို ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း ဘေကျင်းက ဆေးရုံမီးလောင်မှုမှာ လူ ၂၉ ဦး သေဆုံးခဲ့တဲ့အပြင် လွတ်မြောက်ဖို့ စိတ်အားထက်သန်နေသူတွေက ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *