October 18, 2024

၂၀. ၁. ၂၀၂၄
Written By Thandar

Kan Thar Motions Picture ထုတ်လုပ်ရေးက ထုတ်လုပ်မဲ့ ကျေးရွာအခြေခံရသစုံဇာတ်လမ်းပုံစံ “ကျေးလက်ကမီးအိမ်ရှင်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်လမ်းတွဲကိုတော့ ကျေးရွာ တစ်ရွာနဲ့တစ်ရွာအဖြစ်လေးတွေ ရသစုံပါအောင် အပျော်လေးတွေဖန်တီးထားပါတယ်။ ဒီ မူရင်းဝတ္ထုကို ကလေးတွေကို သေတ္တာတွေနဲ့ပို့တဲ့ ဖြစ်ရပ်မှန်လေးပါ ပေါင်းစပ်ပြီး ရွာသားတွေတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဇာတ်ကောင်လေးတွေနဲ့ ပေါင်းစပ်ပြီး ရသစုံအောင် သိုင်းဝိုင်းပြီးတော့ ဖန်တီးတဲ့ ဇာတ်လမ်းပါ”လို့ သရုပ်ဆောင် နေမင်းက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်ဇော်လင်းက သရုပ်ဆောင် နေမင်း၊ ညိမ်းသော်၊ ကျော်ထက် ၊ မင်းဟိဏ်း၊ ဝေဖြိုး၊ ဦးဇော်ဦး၊ ဦးဇော်ဝင်းမောင် ၊ ညီညီမင်းထက်၊ ကောင်းဆက်ထူး ၊ အိချောပို၊ မေပန်းချီ၊ ယွန်းဝင့်လွှာအောင် ၊ နှင်းဝတ်ရည်ကျော် ၊ ကူးကူးဟံသာ၊ ထျန်တျာလင်း၊ တင်ဇာဝင်းပြည့် ၊ မွန်းဆန်း အပြင် သရုပ်ဆောင်များစွာ ရိုက်ကူးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *