October 18, 2024

၂၀. ၁. ၂၀၂၄
Written by Nay Moe

လှိုင်မြို့နယ်၊ အမှတ် (၁၃)ရပ်ကွက်၊ ပန်းခြံကျောင်းလမ်းတွင် ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီခန့်က အမှတ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျင်ဖျောက် (၇၃)နှစ်နှင့် အုတ်ကျင်းဘူတာရုံလမ်းမှူး ရာအိမ်မှူး ဦးသန်းမြင့် (၇၀)နှစ်ခန့်တို့သည့် ရပ်ကွက်ရုံးပိတ်ပြီး စက်ဘီး ၁ စီးစီဖြင့် (၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ် ပန်းခြံကျောင်းလမ်း၊ အလက(၇)ကျောင်းရှေ့အရောက်၌ စက်ဘီးစီးလာသည့် လူတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးသန်းမြင့်မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားပြီး ဦးကျင်ဖျောက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

PDF များ၏ ပစ်ခတ်မှုကြောင့် ဦးကျင်ဖျောက်၌ ဝမ်းဗိုက် ယာဘက် ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲရင်အုံ ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲပေါင် ထိမှန်ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ဒဏ်ရာရရှိပြီး ဦးသန်းမြင့်၌ ဦးခေါင်းဝဲဘက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက် ယာဘက် ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ရင်အုံ ဝဲ/ယာအထက် ထိမှန်ဒဏ်ရာ (၂)ချက်ဖြင့် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 380 PAC ကျည်ခွံ (၈)ခု တွေ့ရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့အား ပရဟိတကူညီရေးယာဥ်ဖြင့် ​ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ လုပ်ကြံသည့် PDF အဖွဲ့က ထုတ်ပြန်ချက်ထုတ်လာမှုမရှိသေးသော်လည်း Hlaing Info တွင်မူ ဦးသန်းမြင့်မှာ ၂၀၂၁ ကတည်းက ဒလန်စာရင်းပေါက်နေသူဖြစ်ကြောင်း၊ ၎င်း၏သားဖြစ်သူမှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ကြောင်း၊ ဦးသန်းမြင့် သတင်းပေး၍ ရေဘဝဲ PDF အဖွဲ့မှ ၆ ဦးဖမ်းဆီးခံရကြောင်း၊ ပစ်ခတ်ခံရသူနှစ်ဦးစလုံးသေဆုံးသွားပြီဖြစ်ကြောင်း ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *