MT News
၁၉. ၁. ၂၀၂၄
ပေါက်ကိုယ်တော် ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့လည်း ဖမ်းဆီးခံရမှုမရှိဘူးလို့ ဆရာတော်ကိုယ်တိုင် သူ့ရဲ့ လူမှုကွန်ရက်မှာ Live လွှင့်ဖြေရှင်းထားပါတယ်။
“ခေတ်သစ်တို့ မဇ္ဇျိမတို့ ဘီဘီစီတို့ People သတင်းဌာနတို့ မင်းတို့ဆုတောင်းမပြည့်တော့ ဝမ်းနည်းတယ်ကွာ…နော်။ မင်းတို့ဆုတောင်းမပြည့်ဘူးနော်။ မင်းတို့ ပါပါး ပေါက်ကိုယ်တော်ကို မြင်ပြီမဟုတ်လား။ တအားကြီးလည်း မဖွကြနဲ့နော်။ ဆုတောင်းပြည့်အောင် ပြန်ပြီးတော့ ဆုတောင်းလိုက်ကြဦး။ ကြားလား။ မင်းတို့ပါးပါး ပေါက်ကိုယ်တော် အေးဆေးပဲနော်” လို့ ပေါက်ကိုယ်တော်က ဖြေရှင်းထားတာ တွေ့ရပါတယ်။
ပေါက်ကိုယ်တော်လို့ လူသိများတဲ့ ဦးအရိယာဝံသဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ဦးလွင်မှာ ပြုလုပ်ခဲ့တဲ့ MNDAA ရဲ့ ဘုရားစေတီတွေ ဖျက်ဆီးမှုကို ရှုတ်ချကန့်ကွက်ပွဲမှာ ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံရတယ်။ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ပေါက်ကိုယ်တော်က Live လွှင့်ဖြေရှင်းခဲ့တာဖြစ်သလို သူ့ Live မှာလည်း နာမည်ကျော်ဆရာတော် ဦးဝီရသူက ပေါက်ကိုယ်တော် ဘေးနားရှိနေတာကို တွေ့ရပါတယ်။