October 18, 2024

၁၉. ၁. ၂၀၂၄
Written By Thandar

လက်မှုပညာရှင်တွေဖြစ်တဲ့ စိုးစံ၊ အောင်မျိုးဦးနဲ့ ဇင်လင်းတို့ရဲ့ Diorama & Miniature Art Exhibition ပြပွဲကို ယနေ့ ဇန်နဝါရီ ၁၉ ရက်ကနေ ဇန်နဝါရီ ၂၁ ရက်အထိ ရန်ကုန်မြို့ ၃၄ လမ်းရှိ The Moment Art Gallery မှာ ကျင်းပခဲ့ပါတယ်။

“မြန်မာပြည်မှာ Diorama အမျိုးအစားသီးသန့်ပြမယ့် ရှားပါးပြပွဲလေးလည်းဖြစ်တယ်။ ကျွန်တော့် Diorama ပုံစံငယ်တွေကို သေချာအနုစိပ်ဖော်ပြီး တစ်ခုကို အချိန် ၃ လပေးပြီး ဖန်တီးထားပါတယ်။ လက်ရာတွေဖန်တီးတဲ့အခါမှာ အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ ကုန်ကြမ်းရဖို့ ခက်ခဲတာပါပဲ။ တချို့ကုန်ကြမ်းတွေက နိုင်ငံခြားကမှာရတာလည်းရှိတယ်” လို့ Artist အောင်မျိုးဦး ကပြောပါတယ်။

အဆိုပါ ပြပွဲမှာတော့ Diorama နဲ့ Miniature တို့ကို တစ်ဦးလျှင် လက်ရာ ၂၀ နီးပါး ပြသကြတာဖြစ်ပြီး စုစုပေါင်း လက်ရာ အခုရေ ၆၀ နီးပါး ပြသခဲ့ကြတာဖြစ်ပါတယ်။

” ခုပြပွဲကတော့ ၃ ယောက်ပေါင်းပြီး ပထမဦးဆုံး ပြသတဲ့ ပွဲပါ။ အရင်ကတော့ တခြားပန်းချီပွဲတွေပေါင်းပြီး တစ်ဦးချင်းဆီ ပြသခဲ့ဖူးပါတယ်။ Diorama နဲ့ Miniature တခြားပြပွဲတွေနဲ့ မတူညီတဲ့ လက်ရာ ၃ မျိုးကို တစ်နေရာထဲမှာ ကြည့်ရတာပါ။ ဒါကြောင့် စိတ်ဝင်စားသူတွေ ရှိရင် လက်မလွတ်တန်း လာရောက်အားပေးပါ။ အနုပညာကိုချစ်မြတ်နိုးသူများ စိတ်ဝင်စားသူများ လာရောက် ကြည့်ရှုအားပေးကြပါ” လို့ Artistကိုဇင်လင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *