October 18, 2024

၁၉. ၁. ၂၀၂၄
Translated by Htwe Ko Tun

ယီမင်နိုင်ငံရှိ ဟူသီစစ်သွေးကြွတို့က ဧဒင်ပင်လယ်ကွေ့အတွင်း အမေရိကန် သင်္ဘောတစ်စီးဖြစ်သော Chem Ranger ကို သင်္ဘောဖျက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီစစ်သွေးကြွအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယာရာ ဆာရီယာက ပြောခဲ့သည်။

ပစ်ခတ်ခဲ့သော ဒုံးကျည်များအနက် တစ်စင်းက သင်္ဘောအား တိုက်ရိုက်ထိမှန်ခဲ့ကြောင်း၊ ၎င်းက အမေရိကန်နှင့် ဗြိတိန်တို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ဆာရီယာက ပြောခဲ့သည်။ သို့သော်တိုက်ခိုက်မှုဖြစ်ပွားသောအချိန်နှင့် အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိသော်လည်း ထိုတိုက်ခိုက်မှုက ဇန်နဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

Chem Ranger သင်္ဘောက မာရှယ်ကျွန်းအလံစိုက်ထူထားကာ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါးမြို့မှ ကူဝိတ် နိုင်ငံသို့ ဓာတုဗေဒပစ္စည်းများပို့ဆောင်ပေးနေခြင်းဟုလည်း ဆိုသည်။

သို့သော် သင်္ဘောသားများကို တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ သင်္ဘောမှာလည်း ဆက်လက်ထွက်ခွာသွားခဲ့ကြောင်းသတင်းများက ဖော်ပြသည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *