October 19, 2024

၁၇. ၁. ၂၀၂၄

Written By Thandar

အချစ် ဒရာမာဇာတ်လမ်းပုံစံ “အမှတ်တမဲ့မှ အမှတ်တရဆီသို့” ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ယနေ့ ဇန်နဝါရီ ၁၇ ရက် ‌ညနေပိုင်းက ရန်ကုန်မြို့ Kantharyars Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

“ဝိုင်းစုရဲ့ ပရိသတ်ကြီးရှေ့ကို ပထမဦးဆုံး ပြန်လည်ရောက်ရှိလာတဲ့ ဇာတ်လမ်းတွဲလို့လည်း ပြောလို့ရပါတယ် ။ ဒီဇာတ်ကားက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားလေးကိုမှ မတူတဲ့ ဇာတ်လမ်းပုံစံနဲ့ ခံစားကြည့်ရှုရမှာပါ။ ဝိုင်းစုကတော့ သီချင်းဆိုရင်လည်း စာသားအတိုင်း ခံစားပြီး စီးမြောသီဆိုသလို ဇာတ်လမ်းမှာလည်း ကိုယ့်ဇာတ်ကောင်ကို သေချာလေး ခံစားစီးမြောပြီး သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက ပြီးခဲ့တဲ့နှစ် ဇွန်လလောက်တုန်းက ရိုက်ထားတဲ့ ကားလေးပါ။ အခုပြသကာနီးမှ ဇာတ်က ကိုယ်နဲ့ ပိုပိုပြီးတိုက်ဆိုင်လာတယ်” လို့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်က ရေး သားပြီး ဒါရိုက်တာပွင့်သိင်္ဂီဇော်က သရုပ်ဆောင် အလင်းရောင် ၊ စိုင်းစည်တွမ်ခမ်း ၊ ဝိုင်းစုခိုင်သိန်း ၊ သံသာမိုးသိမ့် ၊ စိုးမိုးကြည် ၊ အေဏီဇော် ၊ ဝေလု ၊ အာပူကြူး ၊ ဩ စတဲ့ သူတွေနဲ့ ရိုက်ကူးထားပြီး အပိုင်း ၁၃ ပိုင်း ပါဝင်တာဖြစ်ပါတယ်။

“အမှတ်တမဲ့မှ အမှတ်တရဆီသို့” ရုပ်သံဇာတ်လမ်းတွဲကိုတော့ လာမယ့် ဇန်နဝါရီ ၂၀ ရက်ကစ အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီမှာ M Entertainment Channel နဲ့ HEY Play က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *