October 19, 2024

၁၇. ၁ .၂၀၂၄

Written by Hey Mar

ဆိုင်ကယ်သုံးစီးကို ဖြတ်တိုက်ကျော်တက်ကာ မောင်းပြေးသွားတဲ့ ကားကြောင့် ဆိုင်ကယ်စီးနင်းလာသူ အသက် ၂၃ နှစ်အရွယ်လူငယ် ဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အခြားဆိုင်ကယ်စီးနင်းသူ လေးဦးလည်း ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၁၇ ရက် ည ၇ နာရီဝန်းကျင်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်က မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်၊ ကြက် ခြေနီခြံအကျော်မှာ ဖြစ်ပွားခဲ့ပြီး မျက်မြင်တွေ့ရှိသူတွေ ပြောပြချက်အရ လင့်ခရူဇာ အဖြူရောင်ကားက ဝင်တိုက် မောင်းပြေးသွားတာလို့ မျိုူဆက်သစ်လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

မျိုးဆက်သစ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူက”ဒဏ်ရာ ပြင်းထန်ပြီးသွေးထွက်များနေတဲ့ လူငယ်တစ်ဦးကလွဲရင် ကျန်လူတွေကတော့ ထိခိုက်ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရကြပါတယ်။ ယာဥ်ထိန်းရဲက ဖြစ်စဥ်နဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းတာတွေ ပြုလုပ်ပေးနေပါတယ်”လို့ MT News ကို ပြောပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ အရေးပေါ်လူနာ ကိုရဝေအောင် (၂၃ နှစ်)ကို လိုအပ်တဲ့ မြေပြင်ပြုစုကူညီမှုတွေ ပြုလုပ်ပေးပြီး မြစ်ကြီးနားဆေးရုံကြီး OPD ကို အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *