October 19, 2024

MT News

၁၈. ၁. ၂၀၂၄

မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။

မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကာ ယခင် မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။

ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ၆ လကာလအတွင်း ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား www.motc.gov.mm နှငွ www.myanmarrtad.com တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *