October 19, 2024

၁၈. ၁. ၂၀၂၄
Written by Nay Moe

ရဟန်းတော်တစ်ပါးကို PDF ငါးဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်၍ ဦးခေါင်းကျည်ထိ ပျံလွန်မှု စဥ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ရဟန်းတော်တစ်ပါး ပျံလွန်တော်မူသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ မဟာဗောဓိဘုန်းကြီးကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဆရာတော် ဥူးသုဝဏ္ဏ (ခ)ဦးသန့်ဇင်(၄၉)နှစ် (၁)ဝါသည် ဘုန်းကြီးကျောင်းအတွင်း ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဥူးသုဝဏ္ဏ(ခ)ဦးသန့်ဇင်တွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်အပါအဝင် နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *