October 19, 2024

၁၈. ၁. ၂၀၂၄

Written by Nay Aung

ပြီးခဲ့သောရက်ပိုင်းက နယ်စပ်ဒေသတွင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် တပ်မတော်သား အနည်းဆုံး၂၇၇ ဦးသည် အိန္ဒိယနိုင်ငံ မီဇိုရမ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသဖြစ်သော Lawngtlai ဒေသရှိ ဘန်ဒက်ဘာဂါရွာထဲကို ဇန်နဝါရီ ၁၇ ရက်တွင် ဆုတ်ခွာရောက်ရှိလာခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။

မြန်မာနယ်စပ်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်သား ၂၇၇ ဦးသည် နယ်စပ်ဒေသကို ဖြတ်သန်းကာ မီဇိုရမ်ပြည်နယ်အတွင်းကို ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။ မြန်မာတပ်မတော်သား ၂၇၇ ဦးသည် လက်နက်၊ ကျည်ဆံများနှင့်အတူ ဇန်နဝါရီ ၁၇ ရက်နေ့က အိန္ဒိယပိုင်နက်အတွင်းကို ရောက်ရှိလာခဲ့ပြီး အာသံရိုင်ဖယ်တပ်ရင်းက လက်နက်များကို သိမ်းဆည်းကာ ၎င်းတို့ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ သုံးနိုင်ငံနယ်စပ်ချင်းထိစပ်နေသော ပါဗာ အရပ်ဒေသရှိ အာသံရိုင်ဖယ်တပ်ရင်းအနီးတွင် ထားရှိကြောင်း အိန္ဒိယအစိုးရကပြောသည်။

အဆိုပါ မြန်မာ့တပ်မတော်သား ၂၇၇ ဦးသည် တိုက်ပွဲများကြောင့် အိန္ဒိယပိုင်နက်အတွင်းကို နောက်ဆုံး ဆုတ် ခွာလာသော တပ်မတော်သားများဖြစ်ကြောင်း၊ မြန်မာနယ်စပ်ဒေသတွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ဆုတ်ခွာလာသော တပ်မတော်သား ၆၃၆ ဦးရှိခဲ့ကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။ နယ်စပ်ဒေသကိုဖြတ်သန်းပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းကို ရောက်ရှိလာသော မြန်မာ့တပ်မတော်သား ၆၃၆ ဦးအနက်မှ ၃၅၉ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင်လည်း အိန္ဒိယနိုင်ငံ ပိုင်နက်အတွင်း ရောက်ရှိလာသော မြန်မာ့တပ်မတော်သားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် Aizawl မြို့သို့ ပို့ဆောင်ဖွယ်ရှိနေပြီး ထိုမှတစ်ဆင့် တပ်မတော်လေယာဉ်များဖြင့် ရခိုင်ပြည်နယ်စစ်တွေလေဆိပ်ကို ပြန်လည်ခေါ်ယူဖွယ်ရှိနေကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

Ref uniindia.

Leave a Reply

Your email address will not be published. Required fields are marked *