MT News
လှည်းကူးမြို့နယ် လက်ပံကျေးရွာမှာ ဒီည ၈ နာရီကျော်ကစ အမှိုက်ပုံမီးလောင်နေတာ မီးများပြားနေပြီး အချိန် ၄ နာရီကျော်သည့်တိုင် မီးမငြှိမ်းနိုင်သေးဘူးလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဒီနေ့ည ၈ နာရီ ၅၈ မိနစ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာမှာ အမှိုက်ပုံမီးလောင်မှုဖြစ်ပွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းရရှိတာကြောင့် လှည်းကူးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထောက်ကြန့်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒါးပိန်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ည ၁၁ နာရီ ၅၅ မိနစ်အချိန်မှာတော့ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။
” ည ၈ နာရီကျော်ကတည်းက မီးစလောင်နေတာ။ လောင်နေတာက လှည်းကူးတာဆုံကနေ ဒါးပိန်ဘက်ထွက်တဲ့လမ်းမှာ မီးကတော့များတယ်။ ထိန်ပင်လိုပဲ လောင်နေတာက။ အခုထိမငြိမ်းသေးဘူး။ ည ၁၂ ကျော်မှ မီးထိန်းနိုင်တာ” လို့ မြေပြင်မှာကူညီမှုပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အမှိုက်ပုံလောင်တဲ့မီးဟာ လှိုက်လောင်နေတာကြောင့် ဇန်နဝါရီ ၁၉ ရက် နံနက် ၁၂ နာရီ ၃ မိနစ်မှာမီးထိန်းနိုင်ခဲ့ပေမဲ့အပြီးသတ်ငြှိမ်းသတ်နိုင်ဖို့ကြိုးစားနေသလို လက်ရှိမီးလောင်မှုဖြစ်စဥ်က ဘယ်ကစဖြစ်တယ်ဆိုတာ စိစစ်ဆဲမို့ မသိရသေးဘူးလို့လည်း သိရပါတယ်။
လက်ရှိ ဇန်နဝါရီ ၁၉ ရက်ဘက် ကူးပြောင်းလာတဲ့ ည ၁၂ နာရီ ၂၃ မိနစ်အထိ မြေပြင်ရောက်နေတဲ့ပရဟိအဖွဲ့တွေက မီးဆက်လက်ငြှိမ်းသတ်မှုကို Live လွှင့်နေကြပြီး အခုထိအပြီးသတ်ငြှိမ်းနိုင်မှုမရှိသေးတာလည်း တွေ့မြင်ရပါတယ်။