October 18, 2024

၁၉. ၁. ၂၀၂၄
Written by Pan Ei

ဘုရင်စနစ်ကို ဝေဖန်စော်ကားတဲ့ ထိုင်းအမျိုးသားတစ်ဦးကို မနေ့ (ဇန်နဝါရီ ၁၈ ရက်)က ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့ပြီး အဲ့ဒီထောင်ဒဏ်နှစ် ၅၀ ဟာ နိုင်ငံတော်ရဲ့တင်းကျပ်တဲ့ တော်ဝင်စော်ကားမှုကို အရေးယူတဲ့ ဥပဒေတွေအောက်မှာ အကြာဆုံးထောင်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ ဥပဒေဆိုင်ရာအဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့က အယူခံတရားရုံးတစ်ခုမှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အသက် ၃၀ အရွယ် မွန်ကော်လ် သီရာကော့တ်က သူ့ရဲ့ ကိုယ်ပိုင် Facebook အကောင့်မှာ တင်ခဲ့တဲ့ပို့စ် ၂၇ ခုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၅၀ ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။ သူ့ကို အောက်ရာဇ၀တ်တရားရုံးက ကနဦးမှာ ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့ပေမဲ့ သူ အယူခံဝင်စဉ်အတွင်း နောက်ထပ် စွဲချက် ၁၁ ခုမှာလည်း အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့ကာ ခုလိုရှည်ကြာတဲ့ ပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းနဲ့ တော်ဝင်မိသားစုကို ဝေဖန်ခံရမှုမှ အကာအကွယ်ပေးတဲ့ ဥပဒေဟာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မအဖြစ် ထိုင်းနိုင်ငံမှာ ၁၁၂ လို့ မကြာခဏ ရည်ညွှန်းလေ့ရှိပြီး အခု စီရင်ချက်ဟာ တော်ဝင်အသရေဖျက်မှုအတွက် အရှည်ကြာဆုံး စီရင်ချက်ဖြစ်ကာ ၂၀၂၁ ခုနှစ်က အမျိုးသမီးတစ်ဦးအပေါ် ချမှတ်ခဲ့တဲ့ ၄၃ နှစ်တာ ထောင်ဒဏ်စံချိန်ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

မွန်ကော်လ် ဟာ အရင်က အွန်လိုင်း အထည်ဆိုင်ပိုင်ရှင်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြမှုအတွင်း ၂၀၂၁ ခုနှစ်က ပထမဆုံး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြတဲ့ပွဲတွေမှာ သောင်းနဲ့ ချီတဲ့ လူတွေဟာ လမ်းတွေပေါ်ထွက်ခဲ့ပြီး တင်းကျပ်တဲ့၊ တော်ဝင်မိသားစုအပေါ်ပုပ်ခတ်တာတွေအတွက် အရေးယူတဲ့ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေ အများအပြားရှိခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *