October 19, 2024

၁၉. ၁. ၂၀၂၄
Written by Ye Kyaw

သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေဈေးကွက်သို့ ထိုင်းဘတ် သန်း ၅၀ ယနေ့ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေညာထားသည်။

မြန်မာနိုင်ငံနေအဖြင့် လူသုံးကုန်ပစ္စည်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် မြန်မာငွေကျပ်နှင့် ထိုင်းငွေဘတ်တို့ကို တိုက်ရိုက်ပေးချေနိုင်အောင် ဆောင်ရွက်ထားပြီး အလားတူ တရုတ်နိုင်ငံနှင့်ကုန်သွယ်ရာတွင် မြန်မာငွေကျပ်နှင့် တရုတ်ငွေယွမ်တို့ကိုလည်း တိုက်ရိုက်ပေးချေနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။

ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်တွင် ထိုင်းဘတ်ငွေဈေးနှုန်းသည် ဇန်နဝါရီ ၅ ရက်မှစတင်၍ တစ်ဘတ်လျှင် ၁၀၀ ကျပ်အောက် ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၆ ရက်မှစ၍ ယနေ့အထိ တစ်ဘတ်လျှင် ၉၉ ဒသမ ၅၀ ကျပ်ဖြင့် တည်ငြိမ်နေခြင်းဖြစ်သည်။

သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘဏ်က ဇန်နဝါရီ ၂ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်းနှင့် ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်းဖြင့် သုံးကြိမ်အတွင်း စုစုပေါင်းဒေါ်လာ ၃၃ ဒသမ ၉၃ သန်း ရောင်းချပေးထားပြီးလည်းဖြစ်သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၉ ဒသမ ၇၂ သန်းနှင့် ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်းဖြင့် နှစ်ကြိမ်အတွင်း စုစု‌ပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *