
MT News
၁၉. ၁. ၂၀၂၄
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားများ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ရွှေစင်ရွှေပြား(၁)ချပ် (အရွယ် တစ်ပေ x တစ်ပေ) အလေးချိန် ရွှေတစ်ကျပ်သားအတွက် ငွေကျပ် ၂၅၀၀၀၀၀ ဖြင့် သဒ္ဓါတတ်အားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန်နှင့် ကုသိုလ်ပါဝင် လှူဒါန်းလိုပါက ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ် ရွှေသင်္ကန်း ငွေစာရင်းအမှတ် CF.000873 သို့ ပေးပို့၍ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ထားသည်။
ထို့ပြင် တိုက်ရိုက်ဆက်သွယ် လှူဒါန်းလိုပါက နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ဖုန်း ၀၉-၄၀၄၄၃၄၄၉၉ နှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည် ဖုန်း- ၀၉-၅၁၃၅၆၉၈ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို ၂၀၀၆ ခုနှစ် ဩဂုတ် ၄ ရက်မှစ၍ တည်ထားပူဇော်ခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ထီးတော်၊ စိန်ဖူးတော်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ပြီး ပထမအကြိမ် ရွှေစင်ရွှေပြားကပ်လှူပူဇော်မှုအဖြစ် တတိယဖောင်းရစ်ကို ရွှေစင်ရွှေပြား ၂၅၅၄ ကျပ်သားနှင့် ၂၀၁၄ ခုနှစ်တွင် ဒုတိယဖောင်းရစ်ကို ရွှေစင်ရွှေပြား ၂၂၃၂ ကျပ်သား ကပ်လှူပူဇော်ခြင်း၊ ပန်းတင်ခုံတိုင် ရွှေစင်ရွှေပြားကပ်လှူခြင်းကို ဆောင်ရွက်ခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ (၃၄၈၅ ဒသမ ၇၈) စတုရန်းပေအား ရွှေစင်ရွှေပြား ကပ်လှူမည်ဖြစ်ရာ စုစုပေါင်း ရွှေစင် (၃၇) ပိဿာ (၅၈) ကျပ်သားခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ (Photo- MDN)