October 19, 2024

၁၈. ၁. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့နှစ်ဦးကို ဒိုက်ဦး PDF နှစ်ဖွဲ့ပေါင်းပြီး လုပ်ကြံလိုက်၍ ရာအိမ်မှူးသေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီအချိန်ခန့်က ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်ရှိ “ဟိန်းကျော်” လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေသော ဖအောင်ဝဲရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း (၆၈) နှစ်နှင့် ရာအိမ်မှူး ဦးခင်မောင်အေး (၆၀) နှစ်တို့ကို ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် ဒိုက်ဦး PDF နှစ်ဦးက သေနတ်အတို (၁) လက်ဖြင့်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းမှာ ဦးခေါင်းနောက်ကျည်ရှပ်ထိဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး ရာအိမ်မှူး ဦးခင်မောင်အေးမှာ ဝဲဘက်ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ကျုးလွန်မှုကို ဒိုက်ဦးမြို့မှ 9 Star UG PDF အဖွဲ့ နှင့် Daik-U Defence Force-DDF အဖွဲ့က ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း DDF အဖွဲ့၏ လူမှုကွန်ရက်တွင် ဖော်ပြထားမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *