October 19, 2024

၁၈. ၁. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံအတွင်းရှိ ဆွန်နီစစ်သွေးကြွအုပ်စုများကို ဇန်နဝါရီ ၁၆ ရက်တွင် အီရန်လေတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်စားချေတုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်လေတပ်ကလည်း အီရန်နိုင်ငံအတွင်း စစ်သွေးကြွများပုန်းအောင်းရာဟုဆိုသော နေရာများကို လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့ရာ အနည်း ဆုံး လူခုနှစ်ဦးသေဆုံးခဲ့ပြီး အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား တင်းမာမှုများလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပါကစ္စတန်လေတပ်က အီရန်နိုင်ငံ၏ စစ်စတန်နှင့် ဘလူးချိစတန် ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများက အီရန်တို့၏တိုက်ခိုက်မှုအပြီး လက်တုံ့ပြန်ခြင်းလည်းဖြစ်ခဲ့သည်။ အဆိုပါ ဇန်နဝါရီ ၁၆ ရက်နှင့် ဇန်နဝါရီ ၁၈ ရက်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်စလုံးက နှစ်နိုင်ငံစလုံး၌ ခိုလှုံနေကြသော Baluch ခေါ် ဘလု စစ်သွေးကြွအုပ်စုများကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

အီရန်နှင့် နျူကလီးယားလက်နက်ပိုင်ရှင် ပါကစ္စတန်တို့က ၎င်းတို့ပိုင်နက်များအတွင်း စစ်သွေးကြွအုပ်စုများကိုလက်ခံထားကြရာ တစ်ဦးနှင့်တစ်ဦးသံသယမကင်းဘဲ သတိထားစောင့်ကြည့်နေကြသည်။ ၎င်း တိုက်ခိုက်မှုများက ဂါဇာကမ်းမြောင်သို့ အစ္စရေး၏စစ်ပွဲဆင်နွှဲမှုကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း အကြမ်းဖက်မှုပျံ့နှံ့လာနေခြင်း၏ ခြိမ်းခြောက်မှုဟုလည်း ဆိုကြသည်။

ပါကစ္စတန်နိုင်ံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံလေတပ်၏ တိုက်ခိုက်မှုက အလွန်အချိတ်အဆက်မိကာ စစ်သွေးကြွတို့၏စခန်းများကို တိကျစွာ လေကြောင်းတိုက်ခိုက်မှုပြုနိုင်ခဲ့ကြောင်း ပြောခဲ့သည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *