October 19, 2024

၁၈. ၁. ၂၀၂၄
Written by Ye Kyaw

အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရန် AI နည်းပညာအသုံးပြု ဆောင်ရွက်နိုင်ရေး စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၁၇ ရက် (ယမန်နေ့)တွင် ဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်နိုင်ရန် ဆွေးနွေးနေသည့်ကိစ္စရပ်များ၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ လုပ်ငန်းများတွင် Artificial Intelligence (AI) နည်းပညာအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်နေ သည့်ကိစ္စရပ်များ၊ မြန်မာ – ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းလှယ် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုပမာဏသည် ဒုတိယအများဆုံးဖြစ်ပြီး လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ကိုးလကျော်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ MMBTU ၂၆၂,၂၆၉,၃၁၉ တင်ပို့မှုမှ ဒေါ်လာ ၂၅၄၃ ဒသမ ၅၇၀ သန်း (ဒေါ်လာ ၂ ဒသမ ၅၄၃ ဘီလျံ) ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *