October 19, 2024

MT News
၁၈. ၁. ၂၀၂၄

နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ရပ်ကျေးစာရေးဖြစ်တဲ့ လက်နက်မဲ့အမျိုးသမီးကြီး တစ်ဦးကို PDF ငါးဦးက ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တာကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဉ်က ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရမှာ အဆိုပါကျေးရွာနေ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာစာရေး ဒေါ်စန္ဒာစိန်(၄၅)နှစ်ဟာ နေအိမ်ကနေ ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်ကို ဆိုင်ကယ်နဲ့ ဈေးသွားရောက်ဝယ်ယူချိန် PDF ၅ ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့တာကြောင့် ဒေါ်စန္ဒာစိန်ဟာ ကျည်ထိမှန်ဒဏ်ရာအများအပြားရရှိ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်အပါအဝင် နိုင်ငံဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၆၇၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *