October 19, 2024

၁၈. ၁. ၂၀၂၄
Written by Pan Ei

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး SBS ရုပ်သံလိုင်းက တင်ဆက်ပြသပေးခဲ့တဲ့ Universe Ticket ဆိုတဲ့ Survival Show မှာ တရုတ်၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာ စတဲ့ နိုင်ငံအရပ်ရပ်က ယှဥ်ပြိုင်သူတွေပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးအဆင့် လူရွေးချယ်တာကိုတော့ မနေ့ (ဇန်နဝါရီ ၁၇ ရက်) မှာ ကျင်းပပြီးစီးခဲ့ပါတယ်။

Universe Ticket အစီအစဉ်က မွေးထုတ်ပေးခဲ့တဲ့ အဖွဲ့နာမည်ကတော့ UNIS ဖြစ်ပြီး နောက်ဆုံးအနေနဲ့ ရွေးချယ်ခံရသူတွေက Elisia၊ Bang Yunha၊ Nana၊ Gahlee၊ Lim Seowon၊ Oh Yoona၊ Kotoko နဲ့ Jin Hyeonju တို့ဖြစ်ကာ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံသူတွေ ပါဝင်နေတာပဲ​ဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ဝင်တွေကမှ ဖိလစ်ပိုင်တွေက ၃ ယောက်အထိ ပါဝင်လာတာဖြစ်ပြီး အဆင့် ၁ စင်တာအဖြစ် နောက်ဆုံးအပိုင်းမတိုင်ခင်ကတည်းက ရွေးချယ်ခံခဲ့ရတဲ့ အသက် ၁၄ နှစ်အရွယ် Elisia က ဖိလစ်ပိုင်နိုင်ငံသူဖြစ်သလို ကိုးရီးယား Survival Show မှာ နံပါတ် ၁ နေရာရခဲ့တဲ့ ပထမဆုံးသော ဖိလစ်ပိုင်နိုင်ငံသားအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

ဒုတိယတစ်ယောက်အနေနဲ့ အသက် ၁၆ နှစ်အရွယ် Gehlee Dangca ကလည်း စတုတ္ထအဆင့်နဲ့ ပွဲဦးထွက်နိုင်ခဲ့ကာ သင်တန်းသားတွေအားလုံးထဲ တိုက်ရိုက်မဲပေးခြင်းနဲ့ အရင်မဲပေးထားတဲ့ရမှတ်တွေထဲမှာ အမှတ်အများဆုံးရရှိခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံးတစ်ယောက်အနေနဲ့ ပွဲဦးထွက်နိုင်ခဲ့တဲ့ Hyeonju က ကိုရီးယားဖခင်နဲ့ ဖိလစ်ပိုင် မိခင်တို့က တောင်ကိုရီးယားမှာ မွေးဖွားခဲ့ပြီး အသက် ၂၂ နှစ်နဲ့ အဖွဲ့ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ Unis အဖွဲ့ရဲ့ တရားဝင် ပွဲဦးထွက်မဲ့ရက်ကိုတော့ မကြေညာရသေးပါဘူး။

Universe Ticket ရှိုးအစီအစဉ်ဟာ မြန်မာနိုင်ငံက ပထမဆုံး ပါဝင်သူအဖြစ် Riel က ပါဝင်ယှဥ်ပြိုင်ခဲ့တာကြောင့် မြန်မာ နိုင်ငံမှာလည်း လူသိများပြီး ပြိုင်ပွဲအစီအစဉ်အတွင်း သူမပါဝင်တဲ့ အဖွဲ့က ရှုံးနိမ့်ပြီးနောက် Riel ဟာ ဒိုင်တွေဆီက ရွေးချယ်မခံခဲ့ရဘဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *