October 19, 2024

၁၈. ၁. ၂၀၂၄

Written by KL

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုး အဝေးပြေးကားဂိတ်တွင် ယနေ့ (ဇန်နဝါရီ ၁၈ ရက်) နံနက် ၁ နာရီခန့်က  မီးလောင်မှု ဖြစ်ပွားခဲ့ကြာင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမီးလောင်မှုမှာ မိနစ် ၅၀ နီးပါးကြာမြင့်ခဲ့ပြီး ကုန်ပစ္စည်းများလည်း လောင်ကျွမ်းခဲ့ကာ အ​သေးစိတ်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

” မီးလောင်တာက များတယ်။ ကုန်ပစ္စည်းတွေလည်း တော်တော်များများ ပါသွားမယ် ထင်တယ်။ ခြံဝင်းကြီးထဲမှာပဲ လောင်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက  မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၂ စီးဖြင့် ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *