October 19, 2024

၁၈. ၁. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပဒေသာရပ်ကွက်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ ယမင်းထမင်းဆိုင်ရှေ့တွင် ဇန်နဝါရီ ၁၇ ရက်၊ မွန်းလွဲ ၂နာရီ ၅၀ မိနစ်ခန့်က ၂၂ ဘီး ဆီဘောက်ဆာယာဥ်နှင့် ကိုယ်ပိုင်မော်တော်ယာဥ်တစ်စီးတို့ တိုက်မိရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘုရားကြီးမြို့မှ ဒိုက်ဦးမြို့သို့ ယာဥ်မောင်း ဦးရန်နိုင်ထွန်း (၃၆နှစ်)မောင်းနှင်လာသော Ding Feng အမျိုးအစား ၂၂ ဘီး ဆီဘောက်ဆာယာဉ်က လမ်းကြောမရှင်းဘဲ အနောက်ဘက်သို့ လှည့်ကွေ့ရာမှ Nissan Vanette အမျိုးအစား အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့်တိုက်မိခဲ့ပြီး ထမင်းဆိုင်ရှေ့တွင်ရပ်ထားသော ဖောကားနောက်ပိုင်းကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဥ်တိုက်မှုကြောင့် ကိုယ်ပိုင်ယာဥ်ခေါင်းခန်းတွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ မျက်နှာ ကြေမွပျက်စီးခဲ့​ပြီး ယာဥ်မောင်းအမျိုးသားမှာ မျက်နှာ ၊ဦးခေါင်း၊လက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ အမျိုးသမီးမှာသေဆုံးခဲ့​ကြောင်း သိရသည်။

ယာဥ်မတော်တဆမှုကြောင့် ယာဥ်ခေါင်းခန်းတွင် ဒဏ်ရာရ၍ ညပ်နေသူ နှစ်ဦးကို ဘုရားကြီးမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ကယ်ဆယ်နိုင်ခဲ့ပြီး ဘုရားကြီးလူငယ်(ကတုံးအဖွဲ့)မှ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *