October 19, 2024

၁၇. ၁. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဇေယျသိမ်အုပ်စု၊ ဇေယျသိမ်ရွာက ကြံခိုင်ရေးပါတီဝင် အမျိုးသမီးကြီးတစ်ဦးကို PDF ၆ ဦးက သတင်းပေး၊ ဒလန်လုပ်နေတယ်လို့စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး လည်လှီးသတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်း(အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့ အရှေ့ဘက် ၅ ဖာလုံခန့်အကွာက ဇေယျသိမ်ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ဌေးရီ နေအိမ်သို့ ဇန်နဝါရီ ၁၅ ရက် မနက် ၅ နာရီအချိန်ခန့်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ PDF ၆ ဦး ဆိုင်ကယ် ၃ စီးနဲ့ ရောက်ရှိလာပြီး ဒေါ်ဌေးရီကို “စစ်တပ်နဲ့ရဲကို သတင်းပေး လုပ်နေတာလား၊ မေးစရာရှိတယ်၊ ငါတို့နဲ့ လိုက်ခဲ့”လို့ ဆိုကာ ခေါ်ဆောင်တာကြောင့် ဒေါ်ဌေးရီဟာ သူ့ကိုယ်ပိုင်ဆိုင်ကယ်ကို PDF တစ်ယောက်မောင်းတဲ့ နောက်က ထိုင်လိုက်သွားခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁ နာရီခန့်မှာ PDF ၆ ဦးက ဖမ်းသွားတဲ့ ဒေါ်ဌေးရီကို ဇေယျသိမ်ရွာ(အရှေ့ဘက်)ရှိ သုဿာန်အနီး ဇေယျသိမ်ရွာနဲ့ ကျွန်းတိုင်းရွာကြား မြေသားလမ်းပေါ်မှာ PDF တွေက လည်လှီးသတ်ဖြတ်လိုက်တဲ့ဒဏ်ရာနဲ့ သေဆုံးနေပြီး PDF တွေက ဆိုင်ကယ်ကို လုယက်သွားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *