October 19, 2024

၁၇.၁. ၂၀၂၄
Written by Nay Moe

မွန်ပြည်သစ်ပါတီ နာယကနဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ (ဥက္ကဋ္ဌဟောင်း) နိုင်ထောမွန်ဟာ အသက် ၇၈ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ထိုင်းနိုင်ငံမှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

“ထိုင်းနိုင်ငံ စံခလပူရီဆေးရုံမှာ ဒီမနက် ၇ နာရီက ကွယ်လွန်သွားတာ။ လူကြီးရောဂါနဲ့ပဲ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ထောမွန်ဟာ ၂၀၂၀ ပြည့်နှစ်အထိ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၅ ရက်မှာ ၁၀ ကြိမ်မြောက် ပါတီဗဟိုညီလာခံကျင်းပအပြီးမှာပဲ ကျန်းမာရေးအရ ဥက္ကဋ္ဌတာဝန်က နုတ်ထွက်လိုက်ပြီး နာယကနဲ့ ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သလို ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက မွန်ပြည်သစ်ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။

နိုင်ထောမွန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ မွန်ပြည်သစ်ပါတီ(NMSP)ဟာ လားဟူဒီမိုကရက်တစ်ပါတီအစည်းအရုံး(LDU) နဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက် မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ထောမွန်ရဲ့ ဈာပနကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ လာမဲ့ ဇန်နဝါရီ ၂၁ ရက်မှာ ပြုလုပ်မယ်လို့လည်း ကနဦး သိရပါတယ်။

Photo- Kaowao Newsgroup & CJ

Leave a Reply

Your email address will not be published. Required fields are marked *