October 19, 2024

MT News
၁၇. ၁. ၂၀၂၄

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ကျိုင်းတုံမြို့ကို တိုက်ခိုက်သိမ်းပိုက်မယ်လို့ ကောလာဟလလွှင့်ထုတ်နေတာနဲ့ ပတ်သက်ပြီး UWSA က ကျိုင်းတုံကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ “ဝ”ဒေသ သတင်းပြန်ကြားရေး ဗျူရိုရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။

ထုတ်ပြန်ချက်မှာ UWSA ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ပါ စည်းကမ်းချက်တွေကို အမြဲလိုက်နာဆောင်ရွက်နေသလို လက်ရှိဖြစ်ပွားနေမှုမှာ ဘက်မလိုက်ဘဲ ပါဝင်ခြင်းမပြုဖို့၊ ဘယ်လိုပုံစံနဲ့ဖြစ်စေ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ ဘက်မလိုက်မူဝါဒကို လိုက်နာဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးလည်း “ဝ” ဟာ လူသားချင်းစာနာထောက်ထားမှုအရ ဒုက္ခသည်အားလုံးကို ကူညီပေးနေပြီး စစ်သုံပန်းဖြစ်လာသူတွေကိုလည်း မြန်မာအစိုးရထံအေးချမ်းစွာ လွှဲပြောင်းပေးနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ လက်နက်ကိုင်ဘက်အသီးသီးက ပါဝင်ပတ်သက်သူတွေအနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်အထိ ၁၁ ရက်အထိ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ရရှိလာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အားလုံး လိုက်နာကြဖို့ မျှော်လင့်ထားပြီး “ဝ” အနေနဲ့လည်း အားလုံးအဆင်ပြေအောင်ကူညီပေးမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *