MT News
၁၆. ၁. ၂၀၂၄
နမ့်ဖတ်ကာရှိ နယ်မြေခံတပ်ရင်း အမှတ်(၁၂၃) ခြေလျင်တပ်ရင်းကို KIA က သိမ်းပိုက်ရရှိသတင်း မဟုတ်မှန်ဘဲ KIA နှင့် TNLA လက်နက်ကိုင်များ အသေအပျောက်များစွာဖြင့် ထွက်ပြေးခဲ့ကြ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ အမှတ်(၁၂၃)ခြေလျင်တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီ ၁၅ ရက်က KIA က သိမ်းပိုက်ရရှိကြောင်း ကောလာဟလသတင်းအမှားများကို ရေးသားဖြန့်ဝေနေမှုနှင်ပတ်သက်၍ အဆိုပါ နယ်မြေခံတပ်ရင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် KIA နှင့် TNLA က ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း၊ သာလွန်အင်အားများဖြင့်လည်း အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ ရွပ်ရွပ် ချွံချွံခုခံတိုက်ခိုက် ကာကွယ်ခဲ့ခြင်း၊ လက်နက်ကြီးများ၏ ထိရောက်သော ပစ်ကူပေးပစ်ခတ်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ရန်သူများ ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်မှာလည်း မရေမတွက်နိုင်အောင် ပင်များပြားကြောင်း သိရှိရသည်။
မတ္တရာမြို့နယ်တွင် တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရဟု မမှန်သတင်းဖြန့်
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အုန်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၆ ဦး ဒဏ်ရာရှိခဲ့သည်ဟု မဟုတ်မမှန် သတင်းမှားကို DVB မှ ဖြန့်ဝေနေပြီး ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၅ ရက်နေ့တွင် မတ္တရာမြို့နယ် အုန်းကုန်းကျေးရွာဝန်းကျင်အနီး တပ်မတော်စစ်ကြောင်းများ နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်စဉ် PDF အဖွဲ့များက လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခဲ့၍ အနီးဝန်းကျင် အုန်းကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်းနှင့် ဒေသခံအပြစ်မဲ့အရပ်သား ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရသည်။
PDF ၂၀ ခန့်က ဝက်လက်မြို့ထဲဝင်ရောက်ပစ်ခတ်၍ ရဟန်းတစ်ပါးကျည်ထိ
ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်သို့ PDF အင်အား ၂၀ ဦးခန့်သည် လက်နက်ငယ်များကိုင်ဆောင်ဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ ကြို့ပင်ပရိယတ္တိစာသင်တိုက်ကျောင်းဝင်းအတွင်း လမ်းလျှောက်နေသည့် ဒုလ္လဘရဟန်းဝတ်နေသူ ဥူးနိဂြောဓ(ခ)ဦးရွှေထွန်း(၅၃)နှစ် (ဘ)ဦးချစ်ငွေတွင် ဝဲပါးကျည်ရှပ်ထိဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး ဝက်လက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
မြိတ်မြို့နယ်က သကန်ရွာသား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်တဲ့ ကျည်ထိမှန် ဒဏ်ရာရသတင်း မှားယွင်း
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ သကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့က ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့သဖြင့် ရွာသားတစ်ဦး ကျည် ထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ဖြန့်ဝေနေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မြိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်လျက်ရှိကာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများမရှိကြောင်းသိရှိရသည်။