
MT News
Written by Hey Mar
လမ်းဖြတ်ကူးသူ အမျိုးသားကြီးကို ဆိုင်ကယ်ကအရှိန်နဲ့ ဝင်ရောက်တိုက်မိတာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ဖြစ် စဥ် ဒီနေ့ ဇန်နဝါရီ ၁၆ ရက် ညနေ ၄နာရီကျော်က နေပြည်တော် ပျဥ်းမနားမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က ပျဉ်းမနားမြို့ ဦးမင်းဒင်ရပ်ကွက် ကြံပတ်လမ်းဆုံအကျော်မှာ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်တိုက်ခံရသူ လမ်းဖြတ်ကူးသူ အမျိုးသားကြီးမှာ ညာဘက် ခြေသလုံးအရိုးကျိုးကာ ဦးခေါင်းညာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ်မောင်းနှင်သူဟာ ပျဥ်းမနားမြို့နယ်၊ ရှမ်းစုလေးကျေးရွာမှာနေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ၉ တန်းကျောင်း သားဖြစ်ပြီး တိုက်မိတိမ်းမှောက်တဲ့ အရှိန်ကြောင့် ပေါက်ပြဲ ဖူးယောင် ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် လိုအပ်တဲ့ မြေပြင်ကူညီကုသမှုတွေ ဆောင်ရွက်ပြီး ဒဏ်ရာရရှိသူ နှစ်ဦးကို ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

