MT News
Written By Thandar
ပိုက်ကျော်ခြင်း အားကစားဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားသစ်တွေ ပေါ်ပေါက်စေရေးရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူးပြီး ရွှေသံလွင်မီဒီယာက စီစဉ်ကျင်းပမယ့် SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကိုလာမယ့် ဇန်နဝါရီ ၂၁ ရက်ကနေ ဇန်နဝါရီ ၂၈ ရက်အထိ ၈ ရက်တာ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
Sky Net ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား ၃ မျိုးပါဝင်ပြီး အမျိုးသား ၃ ယောက်တွဲပြိုင်ပွဲ၊အမျိုးသမီး ၃ ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား ၄ ယောက်တွဲ ပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပါတယ်။
ပြိုင်ပွဲမှာ USL Club ၊ Ko Paing Club ၊ Kyaung Sayer Team ၊ Late Thone Kaung Club၊ Shwe Kyung Thar Club ၊ Khit Kyaung Thar Club၊ AKM Club အသင်းတွေပါဝင်မှာဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲမှာ Apple Club၊ Huamei Myanmar Club၊ Grand Mekong Club၊ Gusto Club အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အမျိုးသား ၄ ယောက်တွဲ ဆုကြေးအနေနဲ့ ပထမဆု ကျပ်သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ အမျိုးသား ၃ယောက်တွဲဆုကြေး ပထမဆု ကျပ်၂၅ သိန်း၊ ဒုတိယဆု ကျပ် ၁၅ သိန်း၊ အမျိုးသမီး ၃ ယောက်တွဲ ဆုကြေးအနေနဲ့ ပထမဆု ကျပ် ၁၂ သိန်း၊ ဒုတိယဆု ကျပ် ၈ သိန်း တို့ ပေးအပ်သွားမှာဖြစ်ပြီး SkyNet Sports-4 ၊ Sky Net Sports-HD ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။