October 19, 2024

MT News

Written by Nay Moe

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ပကဖငါးဖွဲ့ပေါင်းပြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကိုသ-တ်-ဖြ-တ်၊ ပြည်သူ့စစ် သုံးဦးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်​ ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ဝေါမြို့နယ်၊ အုတ်ဖို (၃) ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုဥက္ကဋ္ဌဆိုသူ ဦးခင်စိုး (၆၃) နှစ်ရဲ့နေအိမ်ကို စစ်တောင်းမြစ် လက်တက်ချောင်းရိုးအတိုင်း စက်လှေအသေးနဲ့ ဝေါမြို့နယ် ပကဖနဲ့ PDF ပူးပေါင်းအဖွဲ့ဝင် ၅ ဦး လာရောက်ပြီး နေအိမ်အနီးအရောက်မှာ စက်လှေကို စက်သပ်ပြီး လှော်တက်နဲ့လှော်ခတ် ချည်းကပ်ပြီး သေနတ်နဲ့ပစ်ခတ်ကာ စစ်တောင်းမြစ် ဖြတ်ပြီး ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားပါတယ်။ ဒီပစ်ခတ်မှုမှာ ဦးခင်စိုးဟာ နေရာမှာသေဆုံးသွားခဲ့သလို ဦးခင်စိုးရဲ့ နေအိမ်ရှေ့ခုံတန်းလျားမှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် မြင့်ဝင်း (ခ) ငပွေး၊ ကျော်မင်းနဲ့ ဇော်လတ်တို့ ၃ ဦးကို ဝေါမြို့နယ် ပကဖက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ ပူးပေါင်းလုပ်ဆောင်တဲ့ PDF အဖွဲ့တွေက ဝေါ၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ အင်းတကော်စတဲ့ ​မြို့နယ်ငါးခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ပြီး ဦးခင်စိုးကို သ-တ်-ဖြ-တ်၊ ပြည်သူ့စစ်သုံးဦးကို ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် ၉ လုံးထိုးသေနတ် ၂ လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *