October 19, 2024

၁၆. ၁. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံအလယ်ပိုင်း၊ တယ်လ်အဗစ်မြို့မြောက်ပိုင်းတွင် ဇန်နဝါရီ ၁၅ ရက် က အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကြောင့် လူတစ်ဦးသေဆုံးကာ အနည်းဆုံး ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း အရေးပေါ်တပ်ဖွဲ့များက ပြောကြားခဲ့ကြသည်။

လူနှစ်ဦးက ကားများကိုမောင်းနှင်လာကာ ရာအန်နာစီတီးအတွင်း လူအချို့ကို ကားများဖြင့်တက်ကြိတ်သွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ထိုဖြစ်စဥ်မှာ ကားအများအပြားဖြင့် လူများကိုဝင်တိုက်ခဲ့သော အကြမ်းဖက်မှုတစ်ရပ်အဖြစ်လည်း ရဲ့တပ်ဖွဲ့က သုံးသပ်ကာ ထိုအကြမ်းဖက်မှုကိုကျူးလွန်သည်ဟု သံသယရှိသူများက ကားသုံးစီးကို အသုံးပြုခဲ့ကြသလို ၎င်းတို့အနက် အနည်းဆုံးတစ်စီးက ခိုးယူခဲ့ကြခြင်းဟုလည်း ဆိုသည်။

ကျူးလွန်သူများအနက် နှစ်ဦးက အနောက်ဘက်ကမ်းဒေသရှိ ဟီဘရွန်မြို့မှ ဖြစ်ကြပြီး အစ္စရေးနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဟုလည်း သိရသည်။

အကြမ်းဖက်မှုတွင် လူ၁၃ ဦးကို ဆေးရုံသို့ဒဏ်ရာများနှင့်ပို့ပေးခဲ့ကာ ၎င်းတို့အနက် အသက် ၇၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

Ref- Sky News

Leave a Reply

Your email address will not be published. Required fields are marked *