October 19, 2024

၁၂. ၁. ၂၀၂၄

Written by KL

မွန်ပြည်နယ်၊ မုဒုံမြို့၊ ကော့ခပုံကျေးရွာ၊ အဇင်းစိုက်ပျိုးရေးခြံအရှေ့တွင် ယနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်က တက္ကသိုလ်‌ကြိုပို့ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ လိုက်ပါလာသူ ကျောင်းသားကျောင်းသူအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း အပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးတွင် ဆောင်ရွက်ခဲ့သည့် သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

” ထိခိုက်ဒဏ်ရာရရှိသူတွေက အသက် ၁၈ နှစ်ကနေ အသက် ၂၀ ကျော်တွေများကြတယ်။ ပွန်းပဲ့ဒဏ်ရာ၊ ဖူးယောင်ဒဏ်ရာတွေ အများဆုံးရကြတယ်”ဟု ကယ်ဆယ်ရေး ဆောင်ရွက်သူ တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မုဒုံ မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ စေတနာရှင်လူမူကူညီရေးအသင်း (သံဖြူဇရပ်မြို့)နှင့် သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက ရှေ့ဦးသူနာပြုနည်းဖြင့် ကနဦး ပြုစုကုသပြီး လူနာတင်ယာဥ် ၄ စီးဖြင့် မုဒုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *