October 19, 2024

၁၃. ၁. ၂၀၂၄

Translated by Thettant

တရုတ်နိုင်ငံအလယ်ပိုင်း Pingdingshan မြို့ကကျောက်မီးသွေးမိုင်းတွင်းတစ်ခုမှာ သောကြာနေ့က မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီက ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန် ပြောဆိုလာပါတယ်။

ဒီဖြစ်စဥ်ဟာ တရုတ်နိုင်ငံက Pingdingshan Tianan Coal Mining ကုမ္ပဏီပိုင် ကျောက်မီးသွေး မိုင်းတွင်းတစ်ခုမှာ သောကြာနေ့ နေ့လယ် ၂ နာရီ ၅၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ပွားမှုက ကျောက်မီးသွေးနဲ့ ဓာတ်ငွေ့ မတော်တဆဓာတ်ပြုရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ Pingdingshan အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဗျူရိုက ကနဦး အတည်ပြုထားပါတယ်။

ဒီပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီအထိ သေဆုံးသူ ၁၀ ဦးရှိပြီး ၆ ဦး ပျောက်ဆုံးနေသလို ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ဖို့နဲ့ မတော်တဆမှုဖြစ်စဥ်ကို စုံစမ်းဖော်ထုတ်ဖို့ ခိုင်မာတဲ့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့လည်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။

Ref:; Reuters

Leave a Reply

Your email address will not be published. Required fields are marked *