October 19, 2024

၁၆. ၁. ၂၀၂၄
Written by Pan Ei

ဟောလီးဝုဒ်က သရုပ်ဆောင်တွေရဲ့ ဆန္ဒပြပွဲတွေကြောင့် လအနည်းငယ်ကြာ နောက်ဆုတ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် အမ်မီ ဆုပေးပွဲကို ဇန်နဝါရီ ၁၅ ရက်က လော့စ်အိမ်ဂျလိစ့်မြို့မှာ ကျင်းပခဲ့ရာ အာရှနွယ်ဖွား အမေရိကန် မင်းသမီး Ali Wong က Netflix က ဟာသဇာတ်လမ်းတွဲ Beef နဲ့ ကန့်သတ်စီးရီးတွေအတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အမ်မီဆုပေးပွဲသမိုင်းတစ်လျှောက် အဓိကဇာတ်ဆောင်နေရာက ဆုရရှိခဲ့တဲ့ ပထမဆုံး အာရှအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

တရုတ်၊ ဗီယက်နမ်မိဘတွေ အမေရိကန်မှာ ပြောင်းရွှေ့အခြေချပြီး ကယ်လီဖိုးနီးယားမှာမွေးဖွားခဲ့တဲ့ ဟာသသရုပ်ဆောင်၊ မင်းသမီး Ali Wong ဟာ “Beef” မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင် အေမီနေရာက သရုပ်ဆောင်ထားတာဖြစ်ပြီး ဆုလက်ခံရယူ စကားပြောကြားချိန်မှာ ဆုရရှိခြင်းရဲ့အရေးပါမှုကို အသိအမှတ်ပြုခဲ့သလို သူမရဲ့မိသားစုက ပေးအပ်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ထောက်ပံ့မှုတွေအကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ali Wong နဲ့ Beef ဇာတ်လမ်းတွဲထဲမှာ တွဲဖက်သရုပ်ဆောင်ထားတဲ့ တောင်ကိုးရီးယားမှာမွေးပြီး အမေရိကန်မှာ ပြောင်းရွှေ့အခြေချနေထိုင်နေတဲ့ မင်းသား Steven Yeun ကလည်း ကန့်သတ်ဇာတ်လမ်းတွဲတွေအတွက် အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် Ali Wong နဲ့ Steven Yeun တို့ဟာ ကန့်သတ်စီးရီး/ တီဗီရုပ်ရှင်အမျိုးအစားအတွက် Beef ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးနဲ့ မင်းသားဆုတွေကို မကြာသေးမီက ကျင်းပခဲ့ကြတဲ့ ရွှေကမ္ဘာလုံးဆုနဲ့ Critics’ Choice ဆုပေးပွဲတွေမှာလည်းရရှိခဲ့ပြီး ဆုကြီးတွေကို သိမ်းပိုက်နိုင်ခဲ့ကြသေးတာပဲဖြစ်ပါတယ်။

Ref; The Hollwood Reporter

Leave a Reply

Your email address will not be published. Required fields are marked *