October 19, 2024

MT News
၁၆. ၁. ၂၀၂၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာမှူးနဲ့ တပ်မတော်သား ၁၀၀ ကျော်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့က လက်နက်ချခဲ့တယ်လို့ AA လက်နက်ကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Exile မီဒီယာတွေက ရေးသား ဖော်ပြနေတဲ့သတင်းက မှားယွင်းနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့မှာ တုံ့ပြန်လာပါတယ်။

ရသေ့တောင်မြိုနယ်၊ “ရေစိုးချောင်းဗျူဟာကုန်း”ကို ဇန်နဝါရီ ၁၄ ရက် နေ့လယ် (၁၂) နာရီတိတိအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA က ထုတ်ပြန်ရာမှာ ရေစိုးချောင်းဗျုဟာကုန်းကို AA က နှစ်ရှည်လများ ပိတ်ဆို့ထားပြီး အချက်အခြာကျ၊ မဟာဗျူဟာကျတဲ့ စခန်းကုန်းတွေကို AA က တစ်ခုပြီးတစ်ခုသိမ်းနေချိန်မှာ ရေစိုးချောင်းဗျုဟာကုန်းကနေ စခန်းစွန့်ခွာထွက်ပြေးကြတာကြောင့် လိုက်လံရှင်းလင်းရာမှာ မောင်တောမြို့နယ်မြောက်ဘက်၊ ခမောင်း ဆိပ်ရွာ အနောက်မြောက်ဘက် ၂ ဒသမ ၂ ကီလိုမီတာ အကွာအဝေးမှာ ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ် ၂ နာရီ ၄၀ မိနစ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ကျော်ကို အချိန်တိုတိုအတွင်း ချေမှုန်းသုတ်သင်ခဲ့သလို လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးက တုံ့ပြန်မှုမှာ ဇန်နဝါရီ ၁၄ ရက်နေ့က ရေစိုးချောင်းဗျူဟာကို AA သောင်းကျန်းသူတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် တပ်မတော်က ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်ခဲ့လို့ AA သောင်းကျန်းသူတွေ ထိခိုက်သေဆုံးမှုများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *