October 19, 2024

၁၆. ၁. ၂၀၂၄
Written by Nay Moe

၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ သိန္နီမြို့သိမ်းနိုင်တဲ့အထိ ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ပွဲမှာ PLA က ၁၂ ယောက်သေဆုံးတယ်လို့ ထုတ်ပြန်လာပါတယ်။

သိန္နီမြို့သိမ်းတိုက်ပွဲမှာ သေဆုံးတဲ့ PDF တွေက ရဲဘော်သခွား ၊ ရဲဘော်ဇနက္က ၊ ရဲဘော်ဂျစ်ဂျစ် ၊ ရဲဘော်သုခ ၊ ရဲဘော်မိုးအောင် ၊ ရဲဘော်ကောင်းကင် ၊ ရဲဘော်သူရ ၊ ရဲဘော်ဝက်သိန်း ၊ ရဲဘော်စိန်လွင် ၊ ရဲဘော်ဝကြီး ၊ ရဲဘော်ကျားလေးနှင့် ရဲဘော်အောင်ဆန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး PDF တွေ အသေခံပြီး တိုက်ခဲ့လို့ သိန္နီမြို့သိမ်းနိုင်ခဲ့တာကြောင့် သူတို့ကို PLA ရဲ့ “သိန္နီတိုက်ပွဲအာဇာနည်”အဖြစ် မှတ်တမ်းတင်ထားတယ်လို့လည်း PLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *