October 19, 2024

၁၆. ၁. ၂၀၂၄
Written By Thandar

သည်းထိတ်ရင်ဖို ခြောက်ခြားဖွယ် ဇာတ်လမ်းတွဲပုံစံ “The Book” စာအုပ် ဇာတ်လမ်းတွဲမှာ ချစ်သူအပေါ်အစွဲအလမ်းကြီးတဲ့ ကောင်မလေး ရတီဆိုတဲ့ အသွင်နဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပါလို့ သရုပ်ဆောင် ယုယုဇော်က ပြောပါတယ်။

“ဒီဇာတ်လမ်းတွဲကို ယုရဲ့ ပွဲဦးထွက် ဇာတ်ကားလို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ချစ်သူကို လွမ်းတိုင်း အရင်တွေ့ရတဲ့နေရာလေးမှာပဲ စောင့်နေရတဲ့သူပေါ့။ ရတီဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့။ သူကကြင်နာတတ်ချစ်တတ်လွန်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ သိပ်သနားစရာကောင်းတဲ့သူပါ။ ရတီက အစွဲအလမ်းကြီးသူပေါ့။ စာမျက်နှာတိုင်းမှာ ဆုံးရှုံးစရာတွေ မျက်ရည်တွေထဲမှာ နာကျည်းစရာရှိနေသူပေါ့နော်။ ပရိသတ်တွေ ရသတစ်ခုတော့ ရနိုင်စေမယ့် ဒီဇာတ်လမ်းတွဲလေးပါ “လို့သရုပ်ဆောင် ယုယုဇော်က ပြောပါတယ်။

Mee Mee Mway ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ဇော်လင်းထက် (Rawness) က သရုပ်ဆောင်တွေဖြစ်တဲ့ ပြည့်ဖြိုးစံ၊ ယုယုဇော်၊ စံစံ၊ ဖြူသဲဦး၊ စန္ဒီ စတဲ့ သူတွေနဲ့ အချိန် တစ်လနီးပါးပေးပြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ The Book စာအုပ် ဇာတ်ကားရဲ့ Official Trailer ကို ဒီနေ့ည ၈ နာရီမှာတင်ပေးသွားမှာဖြစ်ပြီး လာမယ့်ဇန်နဝါရီ ၂၀ ရက်က စတင်ကာ အပတ်စဥ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်မှာဖြစ်ပါတယ်။

“ဒီကားမှာ တစ်ဖွဲ့သားလုံး ရိုက်ကူးချိန်မှာ ယုတို့ အချိန်အကြာကြီးပေးပြီး အိမ်ကြီးတစ်လုံးမှာ ရိုက်ခဲ့ကြတာပါ။ ဒီအိမ်မှာ ရိုက်ကူးချိန်မှာ ယုကတစ်ယောက်တည်းရိုက်ရတဲ့ ဆင်းန်တွေအများဆုံးပေါ့။ ဘေးမှာ အဖော်ပါတယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီအချိန်တွေအတွင်းမှာ ယုအတွက် အမှတ်ရနေမယ့်ဆင်းန်ကတော့ ဒီနေရာကို ရောက်ပြီးပြီးချင်းအဖွဲ့သားတွေလုံး အဝတ်အစားလဲချိန်မှာ ပရိတ်ကြိုးလေးတွေ ဆွဲထားကြတယ်။ တကယ့်ကို သရဲခြောက်တယ်လို့ ကြားထားတော့လေ။ ယုကတော့ သရဲတစ္ဆေတွေကို ကြောက်တယ်လို့ အယုံအကြည်ရှိသူတွေထဲမှာတော့ မပါဘူး။ ကိုယ်တွေကို ယုံကြည်အောင် ပြောခဲ့တယ်လို့ထင်တာ။ အဲဒီအချိန်မှာ လက်လွတ်စပယ်ပဲ ယုကိုဆွဲခိုင်းထားတဲ့ ပရိတ်ကြိုးကို ချွတ်ပြီးတော့မှ အဝတ်အစားလဲလိုက်တယ်။ ခဏနေတော့ ညနေဘက်မှာ အိမ်ကခြံဝန်းထဲ အခန်းပြတင်းပေါက်တံခါးဖွင့်ထားတယ်။ သစ်ပင်ခြုံတွေလည်းရှိတယ်။ လူမနေတာလည်းကြာပြီ။ မြို့အစွန်ဘက်မှာဆိုတော့ မြွေတွေ ကင်းတွေရှိတယ်။ လေမတိုက်ဘဲ ပြတင်းပေါက်တံခါးကြီးက ဝုန်းဒိုင်းဆိုပြီးပိတ်သွားတာ လန့်ပြီး ယု ချက်ခြင်းသတိဝင်ပြီး ပရိတ်ကြိုးကိုပြန်ဝတ်ပြီး အခန်းထဲကအမြန်ပြေးထွက်တာပေါ့။ ယု ပထမဦးဆုံးခံစားရတယ် အဲအချိန်မှာ သရဲတစ္ဆေဆိုတာ လက်ခံသွားတယ်။ တစ်ယောက်တည်း ညဘက်တွေ ရိုက်ချိန်မှာထိုင်ခုံထိုင်ပြီး ရိုက်တော့ ရိုက်ကူးရေးအဖွဲ့တွေအနားမရှိဘဲ မီးဗန်းတွေမျက်နှာထိုးပြီး ရိုက်ချိန်မှာ ကိုယ့်စိတ်ထဲမှာ ကြောက်စိတ်ကဖြစ်နေတာ။ မုဒ်ဝင်နေတာမဟုတ်ဘူး။ မီးဗန်းကြီးချက်ခြင်းပိတ်သွားလို့ ထပြေးရတာတော့ အမှတ်တရပါပဲ။ ယု တစ်ယောက် တည်းရှိနေချိန်မှာဖြစ်တာ။ အစွဲအလန်းမရှိပေမယ့် ကြုံတွေ့ရတယ်။ အယုံအကြည်မရှိဘူး။ ခြောက်လှန့်ခံ ကြုံခဲ့ရတာပါ “လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *