October 19, 2024

၁၄.၁.၂၀၂၄

Translated by Htwe Ko Tun

Global Fire Power အနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ စစ်တပ်များ၏အင်အားများကို နှစ်စဉ်သုံးသပ်မှုပြု၍ အင်အားအဆင့်များကို ထုတ်ပြန်ကြေညာမှုလည်းပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၏ အင်အားအဆင့်များကို ထုတ်ပြန်ခဲ့ကြောင် းသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အင်အားအဆင့်က ၃၅ သို့မြင့်တက်လာခဲ့ရာ ၂၀၂၃ ခုနှစ် Global Fire Power ၏ အင်အားသုံးသပ်ချက် အဆင့် ၃၈ မှ သုံးဆင့်မြင့်တက်လာခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံက နိုင်ငံရေးအခက်အခဲအခြေအနေများ၊ ပြည်တွင်းအကြမ်းဖက်မှုများ၊ လူမျိုးစု လက်နက်ကိုင်များ၏ ဆူပူမှုများကို ရင်ဆိုင်နေရချိန်မှာပင် မြန်မာ့တပ်မတော်၏ အင်အားအဆင့်က မြင့်တက်လာခဲ့ခြင်းက များစွာစိတ်ဝင်စားဖွယ်လည်းဖြစ်ခဲ့သည်။

Global Fire Power ၏ ၂၀၂၄ ခုနှစ်အတွက် အင်အားသုံးသပ်ချက်အရ မြန်မာ့တပ်မတော်က အာရှတွင်မူ အဆင့် ၁၇ နေရာ၌ ရှိနေသည်ကိုတွေ့ရသည်။ အာဆီယံနိုင်ငံများအနက်မူ အင်ဒိုနီးရှားက အဆင့် ၁၃၊ ဗီယက်နမ် က အဆင့် ၂၂၊ ထိုင်းက အဆင့် ၂၅၊ စင်ကာပူက အဆင့် ၃၀၊ ဖိလစ်ပိုင်က အဆင့် ၃၄ တို့ဖြစ်ကြပြီး မြန်မာကအဆင့် ၃၅ ဖြင့် ဆဋ္ဌမနေရာတွင် ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းအင်အားကြီးနိုင်ငံနှစ်ခုဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က အဆင့် ၃ နှင့် အဆင့် ၄ နေရာများတွင် ၂၀၂၃ ခုနှစ်ကကဲ့သို့ပင် မပြောင်းမလဲတည်ရှိနေခဲ့သည်။ ထိုင်းနိုင်ငံကလည်း အဆင့် ၂၅ ၌ ယခင်အတိုင်းဆက်လက်ရပ်တည်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် အတူ ဘင်္ဂလားဒေ့ရှ်ကလည်းအဆင့် ၄၀ မှ အဆင့် ၃၇ သို့ မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအဆင့်အရ အဆင့် ၈၆ တွင်သာ ရှိနေသော်လည်း လက်နက်ကိုင်တပ်ဖွဲ့ တပ်မတော်အင်အားတွင်မူ ၂၀၂၄ ခုနှစ်၌ အဆင့် ၃၅ သို့ အဆင့်သုံးဆင့်မြင့်တက်လာနိုင်ခဲ့သည်။

Global Fire Power ၏ ၂၀၂၄ ခုနှစ်အတွက်အင်အားသုံးသပ်ချက်တွင် အမေရိကန်နှင့် ရုရှားတို့က ထိပ်ဆုံးနှစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြကြောင်းလည်းတွေ့ရပေသည်။

Ref-Global Fire Power

Leave a Reply

Your email address will not be published. Required fields are marked *