October 19, 2024

၁၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဟားမားစ် စစ်သွေးကြွတို့က ဂါဇာဒေသအတွင်း ၎င်းတို့ဖမ်းဆီးထားသော ဓားစာခံများမှ အစ္စရေးနိုင်ငံသားသုံးဦးတို့၏ဗီဒီယိုကို ဂါဇာစစ်ပွဲရက် ၁၀၀ ပြည့်မြောက်သည့် ဇန်နဝါရီ ၁၄ ရက်က ထုတ်ဖော်ပြသခဲ့ရာ ဓားစာခံသုံးဦးက အစ္စရေးတပ်ဖွဲ့များ၏ ဟားမားစ်တို့အား ထိုးစစ်ဆင်နေခြင်းကိုရပ်တန့်ပြီး ဓားစာခံများလွတ်မြောက်ရေးအတွက် အစ္စရေးအစိုးရက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားသွားခဲ့ကြကြောင်း သိရသည်။

၃၇ စက္ကန့်ကြာ ဗီဒီယိုက အစ္စရေးဓားစာခံသုံးဦးဖြစ်သော အသက် ၂၆ နှစ်ရှိ နို အဂါမာနီ၊ အသက် ၅၃ နှစ်ရှိယော့ဆီ ရှာရာဘီနှင့် အသက် ၃၈ နှစ်ရှိ အီတိုင်း စဗါစကီးတို့နှင့် တွေ့ဆုံမှုကိုပြသထားသည်။ တွေ့ဆုံရိုက်ကူးသည့်နေ့ရက်ကို အတိအကျဖော်ပြခြင်းမရှိဘဲ ဗီဒီယို၏အောက်တွင် “မနက်ဖန်တွင် ၎င်းတို့၏ကံကြမ္မာနှင့်ပတ်သက်၍ ကျွန်ပ်တို့အသိပေးမည်” ဟုသာ ရေးသားထားသည်။

အစ္စရေးတပ်ဖွဲ့များက ဂါဇာဒေသအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းကပင် အချို့သော ဖမ်းဆီးထားသည့် ဓားစာခံများနှင့်အဆက်အသွယ် ပြတ်ခဲ့ရကြောင်း ဟားမားစ်တို့ကပြောခဲ့သည်။ ၎င်းတို့က အသက်ဆုံးရှုံးမှုဖြစ်နိုင်ကြကြောင်းလည်းသိရသည်။

အစ္စရေးအရာရှိများကမူ ဟားမားစ်တို့၏ ဗီဒီယိုကိုတစ်စုံတစ်ရာ ဝေဖန်မှုမပြုကြဘဲ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရပ်တစ်ခုအဖြစ် ပြောခဲ့ကြသည်။ သို့သော် ၎င်းတို့၏ စစ်ဆင်ရေးများတွင် ဓားစာခံများ၏ အသက်ဘေးကို အထူးသတိထားဆောင်ရွက်ကြောင်း ပြောခဲ့ကြသည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်တို့က အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ကာ ဓားစာခံ ၂၄၀ ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက်တွင် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အချို့ကို ဟားမားစ်တို့ကပြန်လွှတ်ပေးခဲ့ပြီးနောက် ၁၃၂ ဦးဆက်လက်ဖမ်းဆီးခံနေရကြောင်းနှင့် ၎င်းတို့အနက် ၂၅ ဦးမှာ အဖမ်းခံထားရစဉ် သေဆုံးခဲ့ကြောင်းသိရသည်။

Ref :; yahoo news

Leave a Reply

Your email address will not be published. Required fields are marked *