October 19, 2024

၁၅. ၁. ၂၀၂၄
Written by Pan Ei

တစ်ချိန်က အာရှရဲ့ အရည်အချင်းအရှိဆုံး လူပျိုကြီးတွေထဲက တစ်ဦးအဖြစ် ဖော်ပြခံရပြီး ကမ္ဘာတဝှမ်းလုံးမှာ ရုပ်ရည်ကြည့်အကောင်းဆုံးမင်းသားအဖြစ် နာမည် ကြီးတဲ့ ဘရုနိုင်းတော်ဝင်မင်းသား အဒူမာတင်ဟာ ကြင်ယာတော် ယမ် မူလီယာ အေနီရှာ ရိုဆာနာ ကို ခမ်းနားထည်ဝါတဲ့ ၁၀ ရက်ကြာ တော်ဝင်မင်္ဂလာအခမ်းအနားနဲ့အတူ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။

တော်ဝင်လက်ထပ်ခွင့်တောင်းပွဲကို ဇန်နဝါရီ ၇ ရက်နေ့က စတင်ခဲ့ပြီး တော်ဝင်မင်္ဂလာပွဲအခမ်းအနားကိုတော့ မနေ့(ဇန်နဝါရီ ၁၄ ရက်) က ကျင်းပခဲ့ခြင်းဖြစ်ကာ ဧည့်သည်ပေါင်း ၅၀၀၀ နဲ့အတူ ဆော်ဒီအာရေဗျနဲ့ ဂျော်ဒန်နိုင်ငံက မင်းမျိုးမင်းနွယ်တွေ၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိိုဒိုနဲ့ ဖိလစ်ပိုင်ခေါင်းဆောင် Ferdinand Marcos Jr. တို့လည်း တက်ရောက်ခဲ့ကြသလို ကြင်စဦးဇနီးမောင်နှံက ဘရူနိုင်းနိုင်ငံရဲ့ မြို့တော်လမ်းမတွေပေါ်မှာ ပထမဆုံးအများပြည်သူတွေရှေ့ စီတန်းလှည့်လည်ခဲ့ကြပြီး လှိုက်လှိုက်လှဲလှဲ လက်ပြနှုတ်ဆက်ကာ လက်ထပ်ထားတဲ့ စုံတွဲအဖြစ် ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသား အဒူမာတင်က ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဘုရင်နဲ့ အချမ်းသာဆုံးဘုရင်တွေထဲက တစ်ပါးဖြစ်တဲ့ ဘရုနိုင်းဘုရင် ဆူလ်တန် ရဲ့ ၄ ယောက်မြောက်သားတော်ဖြစ်ပြီး ၆ ယောက်မြောက် ထီးနန်းဆက်ခံမဲ့သူဖြစ်ကာ ကြင်ယာတော် အေနီရှာ ကတော့ ဘရူနိုင်းခေါင်းဆောင်ရဲ့အထူးအကြံပေးပုဂ္ဂိုလ် ပီဟင် ဒါတို ဟာဂျီအီစာရဲ့မြေးဖြစ်ပြီး သူမဟာ ဖက်ရှင်နဲ့ ခရီးသွားကုမ္ပဏီတစ်ခု ပိုင်ဆိုင်တယ်လို့လည်း သိရပါတယ်။

တော်ဝင် မင်းသား အဒူမာတင်ဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၂ ဒသမ ၅ သန်းကျော်နဲ့ TikTok မှာ ထောင်ပေါင်းများစွာသော ဖော်လိုဝါတွေနဲ့အတူ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးတဲ့ မင်းသားတစ်ပါးဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စေ့စပ်မင်္ဂလာ သတင်းကြောင့် အမျိုးသမီးပရိသတ်တွေ အသည်းကွဲခဲ့ရသေးတာလည်း ဖြစ်ပါတယ်။

Ref; abc news

Leave a Reply

Your email address will not be published. Required fields are marked *