October 19, 2024

MT News
၁၄. ၁. ၂၀၂၄

PDF များက ဒလန်ဟုဆိုကာ သတ်ဖြတ်၍ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင် မိသားစု ၃ ဦးအပါအဝင် လူ ၁၂ ဦး သုံးရက်အတွင်း သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာနေ ဦးဝင်းမော်(၅၀)နှစ်နှင့် ရွှေပြည်ကျေးရွာနေ ဦးဇော်မင်းထွန်း(၄၁)နှစ်တို့သည် ကျေးရွာ အစွန်ဘက်ရှိ သားသတ်ရုံ၌ စကားပြောနေစဉ် PDF ၆ ဦး (စိစစ်ဆဲ)က ညောင်ဝန်းကျေးရွာလမ်းအတိုင်း ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းမော်နှင့် ဦးဇော်မင်းထွန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီခွဲတွင် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာနေ ဦးသူရိန်ထွန်း(၄၁)နှစ်သည် ကျေးရွာ၏အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ကြံခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသူရိန်ထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

ထို့အတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇင်ဝင်း(၃၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဦးဇင်ဝင်းအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ ကျေးရွာရှိ စာသင်ကျောင်းအနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

ဇန်နဝါရီ ၉ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင်ပင် နွားထိုးကြီးမြို့နယ်၊ ထန်းတောကျေးရွာနေ ဦးငွေလုံး(၄၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦး (စိစစ်ဆဲ)က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးငွေလုံးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် ဇန်နဝါရီ ၁၀ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသား ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်ဝမ်း(၄၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၈ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဇော်ဝမ်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုနေ့ နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပင်လယ်ကျေးရွာ ဆီမီးခုံ-နဘူးအိုင်သွားကားလမ်းပေါ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝ်ငများက သွားရောက် စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာ၌ မြင်းခြံမြို့နယ်၊ ဥဒယကျေးရွာနေ ဦးပြည့်သိန်းဦး(ခ)ကိုမဲ (၅၀)နှစ်အား ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ဆီးခုံကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် နားရွက်နှစ်ဖက်တို့ ပြတ်နေသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နံနက် ၁၀ နာရီခန့်တွင် နွားကူးအိုင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်း သွားစဉ် အခင်းဖြစ်နေရာအရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF ၃ ဦး(စိစစ်ဆဲ)က “ဒလန်”ဟုစွပ်စွဲပြောဆို၍ ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သေဆုံးသူအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် (၅၄)နှစ်အား ညောင်ပင်ဝိုင်းကျေးရွာမှ ညောင်ပင်သာ ကျေးရွာသွား မြေနီလမ်းမပေါ်၌ PDF များက ပစ်သတ်၍ ဦးဝင်းနိုင်အား နှာခေါင်းဝဲဘက်နှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် တစ်ရွာတည်းနေ ဦးမြရွှေနှင့် အတူ အောင်လံမြို့မှ ကျေးရွာအတွက် ရရှိသည့် စက်သုံးဆီများသွားရောက်ထုတ်ယူပြီး ဆိုင်ကယ် တစ်စီးဖြင့် အတူပြန်လာစဉ် ညနေ ၃ နာရီ ၄၀ မိနစ်ခန့် အခင်းဖြစ်နေရာအရောက်၌ ၎င်းတို့၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF ၂ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ သဖြင့် သေဆုံးသူအား အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသတ်ဖြတ်မှုများအပြင် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင်ဟုဆိုသော ဦးအောင်ရင်(၇၀)နှစ်၊ ၎င်း၏ဇနီး ဒေါ်ခင်စန်းရင် (၆၃)နှစ်နှင့် ၎င်း၏သား ဦးအေးငြိမ်းလင်း(၄၂)နှစ်တို့မိသားစု နေအိမ်၌ရှိနေစဉ် PDF ၆ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ရက်စက်စွာပစ်ခတ်၊ ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူများ၏ အလောင်းများအား လူမှုကူညီရေးအသင်းယာဉ်ဖြင့် ငါန်းမြာတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 အထက်ပါသတ်ဖြတ်မှုများနည်းတူ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြား ကျေးရွာနေ ဦးကျော်မင်း(ခ)ဖိုးဖြူ (၅၃)နှစ်သည် ဇန်နဝါရီ ၁၀ ရက် ည ၁၀ နာရီခွဲတွင် နေအိမ်မီးဖိုဆောင်အတွင်း၌ မိသားစုနှင့်အတူရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး “ဒလန်”ဟုစွပ်စွဲပြောဆိုကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ်၊ ထိုးခုတ်ခဲ့သဖြင့် သေဆုံးခဲ့ပြီး ထိုဖြစ်စဥ်ကို မိသားစုဝင်များက ဇန်နဝါရီ ၁၁ ရက် နံနက်တွင် အကြောင်းကြား၍ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *