၁၄. ၁. ၂၀၂၄
Written by Nay Aung
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် တရားဥပဒေ စိုးမိုးမှုအရှိဆုံး နိုင်ငံများစာရင်း အညွှန်းကိန်း၌ အောက်ဆုံးရပ်တည်နေခဲ့ကြောင်း အမေရိကန်အခြေစိုက် သုတေသနအဖွဲ့စည်းတစ်ခုဖြစ်သော Gallup အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
Gallup အဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၄၁ နိုင်ငံ၏အခြေအနေကို လေ့လာစောင့်ကြည့်ပြီးနောက် ၂၀၂၃ ခုနှစ်အတွက် တရားဥပဒေ စိုးမိုးမှုအရှိဆုံးအညွှန်းကိန်းအဆင့်သတ်မှတ်ချက်ကို သတင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် ရမှတ်နည်းသလို ရပ်တည်မှုအဆင့် အနိမ့်ဆုံးဖြစ်နေခဲ့ကြောင်း သိရသည်။
Gallupအဖွဲ့သည် အဆိုပါ နိုင်ငံပေါင်း ၁၄၁ နိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် နိုင်ငံသားများကိုယ်စားပြုခွင့်အပါအဝင် အခြားအချက်များကို အခြေခံကာ အမှတ်ပေးပြီး အဆင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့တရားဥပဒေစိုးမိုးမှုအရှိဆုံးနိုင်ငံများစာရင်းတွင် ရမှတ် ၆၆ မှတ်သာ ရရှိခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် ရမှတ်အနည်းဆုံးနိုင်ငံဖြစ်နေပြီး ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က တရားဥပဒေစိုးမိုးမှုအရှိဆုံးနိုင်ငံသုံးနိုင်ငံထဲတွင် ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုသည် ယခင်ထက် ကျဆင်းလာခဲ့ကာ အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်လာနေသည်။
Gallup အဖွဲ့ကနောက်ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာနိုင်ငံများအနက် တရားဥပဒေ စိုးမိုးမှုအရှိဆုံးနိုင်ငံပေါင်း ၁၄၁ နိုင်ငံစာရင်း အညွှန်းကိန်းတွင် လစ်ဗျားနှင့် ဂမ်ဘီယာနိုင်ငံတို့က ရမှတ်အနည်းဆုံးဖြင့် အောက်ဆုံးတွင်ရပ်တည်နေကြောင်း သိရသည်။
Ref ., Gallup,