October 19, 2024

၁၃.၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု နယူးယော့ခ်ပြည်နယ် တရားသူကြီးတစ်ဦးက သမ္မတဟောင်းဒေါ်နယ်ထရန့်အား New York Times သတင်းစာနဲ့ သတင်းထောက်သုံးဦးကို ဥပဒေကြောင်းအရ ကုန်ကျစရိတ် ဒေါ်လာ ၄၀၀,၀၀၀ နီးပါး ပေးလျော်မှုပြုသွားဖို့ ဇန်နဝါရီ ၁၂ ရက်က အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်က ထရမ့်ရဲ့အခွန်မှတ်တမ်းတွေနဲ့ပတ်သက်လို့ သတင်းစာရဲ့ရေပန်းစားအထိတ်တလန့်ဖြစ်စေတဲ့သတင်းတစ်ပုဒ်ကို New York Times က ဖော်ပြခဲ့ပြီးနောက် ထရမ့်က တရားစွဲဆိုမှုပြုခဲ့တာလို့ သိရပါတယ်။ ထရန့်ရဲ့တရားစွဲချက်ကို တရားရုံးက ၂၀၂၃ ခုနှစ်မှာ ပယ်ချခဲ့ပြီးနောက် တရားစွဲခံရသူတို့ရဲ့ အမှုအတွက်ကုန်ကျခဲ့ရတဲ့ ဥပဒေဝန်ဆောင်ခကုန်ကျစရိတ်တွေအတွက် ၃၉၂,၆၃၈ ဒသမ ၆၉ ဒေါ်လာကို ထရန့်က ပေးလျော်စေဖို့ တရားရုံးက အမိန့်ချခဲ့တာပါ။

သတင်းက ထရန့်ရဲတူမ သတင်းအရင်းအမြစ်ရရှိရာ မေရီ အယ်လ် ထရန့်ထံကတစ်ဆင့် သတင်းထောက် သုံးယောက်က ရခဲ့တာလို့ဆိုပြီး ထရန့်အနေနဲ့အခွန်ရှောင်တိမ်းမှုတွေပြုဖို့ အခွန်စီမံချက်တွေကိုသုံးခဲ့တယ်လို့ သံသယရှိရကြောင်းဆိုခဲ့တာပါ။ ထရန့်ကတောာ့ ထိုသတင်းကို ပုဂ္ဂိုလ်ရေးအရ ရန်ငြိုး ထား လှုံ့ဆော်မှုတွေအဖြစ် ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကတရားစွဲဆိုမှုမှာ ထရန့်က ထိခိုက်မှုတွေအတွက် အနည်းဆုံးဒေါ်လာသန်း ၁၀၀ ရဖို့တောင်းဆိုခဲ့တာပါ။ ဒါပေမယ် ၂၀၂၃ ခုနှစ် မေလမှာ နယူးယော့ခ်ပြည်နယ်တရားရုံးချုပ်က ထရန့်ရဲ့တရားစွဲဆိုမှုကို ပယ်ချခဲ့ပါတယ်။ ဒီလို ထရန့်ရဲ့ တရားစွဲဆိုချက် ရှုံးနိမ့်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်မှာတော့ တရားစွဲခံရတဲ့သတင်းထောက်တွေအနေနဲ့ အမှုရင်ဆိုင်စဉ် ကုန်ကျခဲ့ရတဲ့ ဥပဒေပိုင်းဆိုင်ရာဝန်ဆောင်မှု ကုန်ကျစရိတ်တွေအတွက် ဒေါ်နယ်ထရန့်က လျော်ကြေးပြန်လည်ပေးဆောင်ဖို့ အမိန့်ချခဲ့တာလို့သိရပါတယ်။

Ref- Yahoo news

Leave a Reply

Your email address will not be published. Required fields are marked *