October 19, 2024

၁၃.၁.၂၀၂၄

Written By Thandar

မြန်မာ့ရုပ်ရှင်လောကသားအားလုံးရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၂၀၂၃ ချီးမြှင့်ပွဲအခမ်းအနားကြီးကို ယခုနှစ်ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နေပြည်တော်မြို့ရှိ MICC 1 မှာ ကျင်းပမည်ဖြစ်ရာ ရုပ်ရှင်အနုပညာရှင် အတတ် ပညာရှင်တွေ အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဖေ ဖော်ဝါရီလ ၄ရက်နေ့အထိ ရိုက်ကူးရေး လုပ်ငန်း‌တွေ ခေတ္တဆိုင်းငံ့ထားကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ကိုယ့် ရုပ်ရှင်လောကသားတွေကို နှစ်စဉ်တော့ ခုလိုပဲ အကယ်ဒမီ ကျင်းပမယ့် ကာလမှာ ရိုက်ကူးရေးတွေ မလုပ်ဖို့ မေတ္တာ ရပ်ခံဖြစ်ပါတယ်။ ခုလည်း မကြာခင် ကျင်းပမယ့် အကယ်ဒမီပေးပွဲ ကာလမှာ အနုပညာရှင်တွေရော အတတ်ပညာရှင်တွေပါ အနုပညာနဲ့ပတ်သက်တဲ့ ရိုက်ကူးရေးတွေ ခေတ္တဆိုင်းငံ့ဖို့ စာလေးထုတ်လိုက်တာပါ။ အကယ်ဒမီပေးပွဲကို အနုပညာလောကသားတွေ အားလုံးကိုလည်း တက်ရောက်စေချင်ပါတယ် “လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက MT News ကို ပြောပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆန်ကာတင် စာ ရင်းဝင် ၁၂ ကားရှိခဲ့ပြီး နောက်ဆုံးအဆင့်ကြည့်ရှုမှုတွေလည်း ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲမတိုင်ခင် ၁၀ ရက် အလိုမှာတော့ Nomination စာရင်းဝင် ဇာတ်ကားတွေ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

အကယ်ဒမီဆု ချီးမြှင့်ရရှိသူတွေအတွက် ရွှေစင်ရုပ်တု ရွှေကြယ်က ရွှေ ၅ကျပ်သားကို နိုင်ငံတော်က ချီးမြှင့်ပေးသွားမှာဖြစ်ပြီး အကယ်ဒမီဆုပေါင်း ၁၂ ဆု ပေးအပ်ချီးမြှင့်ဖို့လျာထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *