October 19, 2024

၁၃. ၁. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ ရတ်ချဘူရီပြည်နယ်၊ ဒမ်နိုအမ် ဆာဒွတ်ခ် ခရိုင်ရှိ ဓာတ်အားပေးစက်ရုံတစ်ခုမှာ သောကြာနေ့ညက သေနတ်နဲ့ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေက စက်ရုံက မန်နေဂျာ၊ လက်ထောက်မန်နေဂျာနဲ့ လေ့ကျင့်ရေးဆရာတို့ဖြစ်ပြီး သေဆုံးသူသုံးယောက်လုံးက အသက် ၅၀ ကျော်အရွယ်တွေဖြစ်ကြကာ ဒဏ်ရာရရှိသူ အသက် ၅၀ အရွယ် Sathit Meevong ကိုတော့ ဗိုက်မှာ သေနတ်ထိမှန်ဒဏ်ရာကြောင့် ဒမ်နိုအမ် ဆာဒွတ်ခ် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပစ်ခတ်သူလို့ သံသယရှိသူက ဓာတ်အားပေးစက်ရုံအတွက် အရင်က လုံခြုံရေး ကန်ထရိုက်တာဖြစ်တဲ့ Billion Guard ကုမ္ပဏီရဲ့ လုံခြုံရေးအဖွဲ့အကြီးအကဲ Boonlert Saisit ဖြစ်ပြီး သေဆုံးခဲ့ရသူတွေနဲ့ သူဟာ လစာကိစ္စနဲ့ ဆွေးနွေးနေကြစဉ် လစာပမာဏအပေါ် အပြင်းအထန် အငြင်းအခုံဖြစ်ကြပြီးနောက် Boonlert က ဒေါသတကြီးနဲ့ သူ့ရဲ့ ၉ မီလီမီတာ လက်ကိုင်သေနတ်ကို ဆွဲထုတ်ကာ စက်ရုံက တာဝန်ရှိသူတွေကို ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ Sathit ကတော့ လွဲချော်လာတဲ့ ကျည်ဆန်တစ်ခုထိမှန်ခဲ့ပေမဲ့ အသက်ဘေးကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံသယရှိသူဟာ အဖြူရောင် တိုယိုတာ ထရပ်ကားနဲ့ ထွက်ပြေးသွားခဲ့ပေမဲ့ ဒမ်နိုအမ် ဆာဒွတ်ခ်က သူ့ရဲ့ နေအိမ်မှာတော့ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *