October 19, 2024

၁၃. ၁. ၂၀၂၄
Written by Nay Moe

ကျေးရွာအတွက်ရရှိသည့် စက်သုံးဆီခွဲတမ်း သွားရောက်ထုတ်ယူသည့် ညောင်ပင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF နှစ်ဦးက ပစ်သတ်လိုက်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် (၅၄)နှစ်အား ညောင်ပင်ဝိုင်းကျေးရွာမှ ညောင်ပင်သာ ကျေးရွာသွား မြေနီလမ်းမပေါ်၌ PDF များက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ မြေနီလမ်းပေါ်၌ ဦးဝင်းနိုင်အား နှာခေါင်းဝဲဘက်နှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် တစ်ရွာတည်းနေ ဦးမြရွှေနှင့် အတူ အောင်လံမြို့မှ ကျေးရွာအတွက် ရရှိသည့် စက်သုံးဆီများသွားရောက်ထုတ်ယူပြီး ဆိုင်ကယ်တစ်စီးဖြင့် အတူပြန်လာစဉ် ညနေ ၃ နာရီ ၄၀ မိနစ်ခန့် အခင်းဖြစ်နေရာအရောက်၌ ၎င်းတို့၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် သေဆုံးသူအား အောင်လံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *